12 November 2010

ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဖြစ်သူ ကင်မ် ခေါ် မောင်ထိန်လင်း အား မြန်မာပြည်ဝင်ခွင့်ဗီဇာထုတ်ပေးလိုက်ခြင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ် ခေါ် ကိုထိန်လင်းဟာ မိခင်နဲ့ တွေ့ရအောင် မြန်မာ နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထား ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ရောက်ရှိ နေ ပြီး။ယနေ့တွင် မြန်မာ သံရုံးမှာ ဗီဇာ ထုတ် ပေးလိုက်ပါတယ်လို့ သတင်းရရှိပါသည်.။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးဥာဏ်ဝင်းကလဲ ဥပဒေအရဆိုရင် နိုဝင်ဘာလ ၁၃ရက်နေ့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် အားလွတ်ပေးရပါမည်လို့ ပြောကြား ခဲ့ပါသည်.။နိုဝင်ဘာလ (၁၃)ရက်နေ့သည် ရုံးပိတ်ရက်ဖြစ်နေသောကြောင့် မနက်ဖြန် တွင် အဖွဲ့ချုပ် အဖွဲ့ဝင် များစောင့်မျှော်လျက်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အား အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် (၁၀၀) ဦး က လုံခြုံ ရေးယူ ပေးရန်စောင့်ကြို လျက်ရှိပါသည်ဟုသတင်းရရှိပါသည်.။