12 November 2010

APF သတင်းဌာန မှ ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာ ယနေ့ ညနေတွင် မဲဆောက် မှပြန်လည်ထွက်ခွာ


နိုဝင်ဘာလ (၇) ရက် မှာ ဂျပန်နိုင်ငံသားမစ္စတာ ထိုးရု ယာမဂျိဟာ အသက်(၄၉)နှစ်သည် ထိုင်းမြန်မာနယ်စပ် တံတားအောက်ကနေ ဘောနဲ့ နံနက် ၈း၃၀ မှာ မြ၀တီကို ကူးပြီး ၀င်ရောက်သတင်းရယူသူ အား မြန်မာ အာဏာပိုင် များကသူအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါသည်.။

ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာ အား မြန်မာအာဏာပိုင် များသည် မြဝတီရဲစခန်းတွင် (၂)ညထားပြီး၊ (၉.၁၁.၂၀၁၀)နေ့တွင် မြဝတီ ဘက်ကမ်းလှေဂိတ် အမှတ်(၂)ဂိတ်မှ ညနေ(၅)နာရီတွင် ပြန်လည်လွတ်ပေးခဲ့ပါသည်.။

ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာ အားဖမ်းဆီးခေါ်ဆောင်သွားစဉ် ဘောပင်ဗွီဒီယိုကင်မ၇ာတချောင်း၊ ဂျပန်ဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး ၊ နှင့် APF သတင်းဌာန ကဒ်ပြား နှင့် passport တို့ အားသိမ်းဆည်းထားပြီး၊
ပြန်လည် လွတ်ပေးသောအခါ သူ၏ ပစ္စည်းများ အားလုံးကို ပြန်လည် ပေးအပ်ခဲ့ပါသည်.။

ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာသည် ကျန်းမာရေးကောင်းမွန်စွာဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ပါသည်.။ယနေ့ (၁၁.၁၁.၂၀၁၀) နေ့လည် (၁)နာရီ အချိန်တွင် သတင်းဌာန များနှင့် သူတည်ခိုရာ ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်ရန် ချိန်းဆိုထားရာ ထိုင်းအာဏာပိုင်များက ခွင့်မပြုပါသဖြင့် မပြုလုပ်နိုင်ခဲ့ရပါလို့ သတင်းရရှိပါသည်။

ဂျပန်နိုင်ငံသား မစ္စတာ ထိုးရု ယာမဂျိဟာ သည် ယနေ့ (၁၁.၁၁.၂၀၁၀) ညနေတွင် မဲဆောက်မြို့ မှ ပြန်လည် ထွက်ခွာသွားပါသည်ဟုသတင်းရရှိပါသည်.။