12 November 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားပြီးလို့ သိရှိရပါကြောင်း






အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေယနေ့ နေ့လည်တွင် သူမနေထိုင်ရာ နေအိမ်သို့ ရောက်နေပြီး လွှတ်ပေးမဲ့အကြောင်း လက်မှတ် ထိုးပြီးပြီလို့ပြောပါသည်။ မကြာခင်လွှတ်ပေးမဲ့ဝရမ်းအမိန့်စာရတာနဲ့ချက်ချင်း လွှတ်မည် ဟုသတင်း ရရှိ ပါသည်.။သေချာထပ်မံ သိရှိပါက ထပ်မံဖော်ပြပေးသွားပါမည်.။

ယနေ့ (၁၂.၁၁.၂၀၁၀) ညနေ (၄)နာရီ အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် အား လွတ်ပေးပါမည်ဟု အာဏာပိုင်များကပြောကြားလိုက်ပါသည်ဟုသိရပါသည်.။

အဖွဲ့ချုပ်ရုံးမှာ ပြည့်ညှပ်နေပြီဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရဲ့ အတွင်းအပြင်မှာ တိုင်းနဲ့ ပြည်နယ် အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လူငယ်တွေ၊ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။

ဒီအကြောင်းကို အဖွဲ့ချုပ်ရုံးမှာ အခု ရှိနေတဲ့ သူတယောက် ပြောပြတာက ...

“ပြည်နယ်နဲ့တိုင်းက ခေါင်းဆောင်တွေ ရုံးရှေ့မှာ အကုန်နီးပါး ရောက်နေကြတယ်။ လူငယ်တွေလည်း တော်တော်များများ ရောက်နေကြတယ်။ ရုံးရှေ့မှာက ပရိသတ်က ၈ဝဝ - ၁ဝဝဝ လောက် ရောက်နေကြပါတယ်လို့ပြောပါသည်။

အဖွဲ့ချုပ် ရုံးထဲမှာလည်း အဖွဲ့ချုပ်ဝင်များပြည့်ညှပ်နေသည်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ပိုစတာလို ပုံစံမျိုးဖြစ်အောင် တုတ်တံလေးတွေနဲ့ ကြွေးကြော် လို့ရအောင် လုပ်ထားကြလို့ပြောပါတယ်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်မယ်ဆိုတဲ့ အင်္ကျီတွေ ဝတ်ဆင် ထားကြပါတယ်လို့
ပြောပါသည်.။


ယနေ့ နေလည် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံခြား သံတမန်များ သူ၏ နေအိမ်တွင် တွေ့ဆုံ နေသည်လည်းသိရပါသည်.။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် လည်းတွေ့ဆုံမည်ဟုသိရှိရပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွင်လွတ်မြောက် ရပါ မည်ဟုသံတမန်များဆီ မှ သတင်း ရရှိပါသည်.။နအဖ အာဏာပိုင် များကတော့ တရားဝင် သတင်း မထုတ်ပြန် သေးပါ.။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်မှ အပြင်သို့ မထွက်ရှိသေးကြောင်း သတင်းရရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အား နအဖ စစ်အာဏာရှင်များက ကန့်သတ်ချက်၊ချွင်းချက် ၊များဖြင့် ပြုလုပ် မည်ဟု အဖွဲ့ချုပ် အဖွဲ့ဝင်များ မှ ခန့်မှန်းပြောဆိုနေကြပါသည်.။ထိုကဲ့သို့ နအဖ စစ်အာဏာရှင်များက ပြုလုပ်လာပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် က လုံးဝ လက်ခံမည် မဟုတ်ကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်း မှတဆင့် သတင်းစကားများထုတ်ပြန် ထားခဲ့ပါသည်.။

ယနေ့ ညနေစောင်းထိ အဖွဲ့ချုပ် ရုံးရှေ့တွင် အဖွဲ့ချုပ် အဖွဲ့ဝင် များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုလျက်ရှိသည်။ အဖွဲ့ချုပ် အဖွဲ့ဝင်များအား ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင် တို့ မှ မနက်ဖြန်မှ ပြန်လာပါရန် မေတ္တာရပ်ခံ ၍ ပြောကြားနေသည်ဟု သတင်းရရှိ ပါသည်.။