12 November 2010

နအဖ ရဲ့ မသမာတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း (ကြေညာချက် အမှတ် -၁၂၂/၂၀၁၀)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း (ကြေညာချက် အမှတ် -၁၂၃/၂၀၁၀)နှင့် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း (ကြေညာချက် အမှတ်- ၁၂၄/၂၀၁၀)တို့ကို နိုဝင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲတို့က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ (ခ)နှင့်အညီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၀ ဦး၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ (ခ)နှင့်အညီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ (ခ)နှင့်အညီ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးတို့အား ရွေးကောက် တင်မြှောက်ခဲ့ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။