06 June 2010

စိတ်မနှံ့ ရှာသူ အသက် (၆၀) အရွယ် အဖွားအိုတစ်ဦးကို တပ်သား ခမရ (၄၁၉) မှအောင်အောင်က မုဒိန်းကျင့်စော်ကားခဲ့။

စိတ်မနှံ့ ရှာသူ အသက် (၆၀) အရွယ် အဖွားအိုတစ်ဦးကို တပ်သား အောင်အောင်က မုဒိန်းကျင့်စော်ကားခဲ့တာ မြန်မာ့တပ်မတော်ရဲ့  ဂုဏ်သိက္ခာတွေ ဘယ်လောက်ပျက်စီးနေပြီလည်းဆိုတာ ပြနေတာဘဲ။ နအဖဗိုလ်ချူပ်ကြီးတွေ လက်အောက်က မြန်မာ့တပ်မတော်ကို အဖတ်ပြန်ဆယ်ကြဖို့  မျိုးချစ်တပ်မတော်သားတွေအပေါ်မှာ အများကြီး မူတည်နေပါပြီ။

သာစည်ဘူတာပေါ်မှာ အထုပ်ပေါင်း ၄၀ လောက်နဲ့ လျှောက်သွားနေတတ်တဲ့ အသက် (၆၀) အရွယ် စိတ်မနှံ့တဲ့ အမျိုးသမီးတဦးကို မီးရထားဝန်ထမ်းတွေနဲ့ ဒေသခံတွေက ဒေါ်ချိုလို့ခေါ်ကြပါတယ်။ ဘယ်သူ့ကိုမှရန်ရှာခြင်း ဆဲဆိုခြင်းမရှိသလို သူများပေးတာကမ်းတာစားပြီး အမြဲတမ်းပြုံးချိုနေတတ်ပါတယ်။ သာစည်ဘူတာ ပလက်ဖေါင်း အမှတ် ၅ နဲ့ တွဲပြင်ရုံဘေးက ရထားရဲတွေနေတဲ့ ကြားကနေရာဟာ သူ့ရဲ့စံမြန်းရာ နန်းမဆောင်ဖြစ်ပါတယ်၊၊

ကျန်ခဲ့တဲ့ မေလ (၂၅) ရက်နေ့ ညမှာတော့ သာစည်အခြေစိုက် ခမရ (၄၁၉) က လူမဆန်တဲ့ တပ်သားအောင်အောင်ကနေ ဒီ စိတ်မနှံ့ တဲ့ ဒေါ်ချိုကို ပါးစပ်ပိတ်ပြီး အတင်းအဓမ္မ မုဒိမ်းကျင့်သွားပါတယ်။

သူ့ကိစ္စအထမြောက်ပြီးချိန်လောက်မှာ ဘူတာက ဈေးသည်တွေက မြင်လို့ ၀ိုင်းပြီး သူ့ကို ခဲတွေနဲ့ပေါက်ပြီး ရထားရဲတွေနဲ့ဝိုင်းထားချိန်မှာ သူ့အဖေါ် ၄၁၉ တပ်ရင်းက တခြားစစ်သားတွေရောက်လာပြီး သူတို့အရေးယူမယ်ဆိုကာ တပ်ရင်းကိုခေါ်ဆောင်သွားပါသတယ်။

ဒီနောက်ပိုင်းမှာတော့ တပ်သားအောင်အောင်ကို အရေးယူခြင်း မရှိတဲ့အတွက် မီးရထားရဲတွေနဲ့ ဒေသခံတွေ ခမရ ၄၁၉ နဲ့ အရူးမအမယ်အိုကိုတောင် မရှောင်တဲ့ တပ်သားအောင်အောင်ကို မကျေမနပ် ဖြစ်နေကြပါတယ်၊။

ဒီတပ်သားအောင်အောင်ဟာ အရင်က သာစည်ဘူတာမှာလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်ထဲဝင်ဖို့ နည်းမျိုးစုံနဲ့ ဆွဲဆောင်စည်းရုံးနေသူတဦးဖြစ်တယ်လို့လည်းသိရပါတယ်။

သာစည်ဘူတာလိုနေရာမှာတောင် အရူးမ အမယ်အိုတယောက်ကို ဒီလိုလုပ်တဲ့ စစ်သားတွေဟာ နယ်စပ်ရှေ့တန်းစစ်မျက်နှာတွေမှာ တွေ့ရာမရှောင်လုပ်မယ် ဆိုတာကတော့ ဒီလုပ်ရပ်က သက်သေပြနေပါတယ်၊

(ယခု အဖြစ်အပျက်သတင်းအား အညာနွေတမာမြေ http://www.anyarnwaytamarmyay.blogspot.com/ ကနေ ပြန်လည်ဖေါ်ပြတာ ဖြစ်ပါတယ်)။

စိတ်မနှံ့ ရှာသူ အသက် (၆၀) အရွယ် အဖွားအိုတစ်ဦးကို တပ်သား အောင်အောင်က မုဒိန်းကျင့်စော်ကားခဲ့တာ မြန်မာ့တပ်မတော်ရဲ့  ဂုဏ်သိက္ခာတွေ ဘယ်လောက်ပျက်စီးနေပြီလည်းဆိုတာ ပြနေတာဘဲ။ နအဖဗိုလ်ချူပ်ကြီးတွေ လက်အောက်က မြန်မာ့တပ်မတော်ကို အဖတ်ပြန်ဆယ်ကြဖို့  မျိုးချစ်တပ်မတော်သားတွေအပေါ်မှာ အများကြီး မူတည်နေပါပြီ။


ဒီ အဖြစ်အပျက်မှန်ကန်ကြောင်းကို လူမဆန်သူ တပ်သားအောင်အောင်ရဲ့  လုပ်ရပ်ကို မျက်မြင်တွေ့ ရှိကြသူတွေထဲက တစ်ဦးကနေ ယခုလို သက်သေအဖြစ် ပြောကြားလာပါတယ်။

မျက်မြင်သက်သေရဲ့ ပြောကြားချက်ကို နားထောင်လိုကြသူများအတွက် အသံဖိုင်အား ဒီမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

http://ifile.it/6gxd7ba/Witness.mp3 http://www.mediafire.com/file/ccmm1mncqk4/Witness.mp3 http://sharebee.com/118c4a05 တို့ မှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

(သတင်းနှင့် အသံဖိုင်အား ပေးပို့ လာသော မိတ်ဆွေအား အထူးကျေးဇူးတင်ရှိပါတယ်)။
ဤသတင်းအား ပြန်လည်မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။