10 June 2010

မြန်မာပြည်မှတေးသံရှင်များ အခွန်ကြွေးကျန်ကို သတ်မှတ်ရက်အတွင်း မပေးဆောင်က ရာနှုန်းပြည့်အခွန် ထပ်မံပေးဆောင်ရမည်

တေးသံရှင်များ အခွန်ကြွေးကျန်များကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်းထမ်းဆောင်ရန်ပျက်ကွက်ပါက ရာနှုန်းပြည့်အခွန်ကြွေးကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအခွန်ဦးစီးဌာနရှိ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ယင်းသို့အခွန်ကြွေးကျန်များ ရှိ မရှိကို စိစစ်ဆောင်ရွက်ရာ၌ ဂီတအစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကာ တေးသံရှင်များ၏ဖျော်ဖြေမှုအချက်အလက်များကို ရယူလျက်ရှိပြီဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့အနေနဲ့ အခွန်ကြွေးကျန်တဲ့တေးသံရှင်တွေကို သတ်မှတ်ကာလမှာပေးဆောင်မှုမရှိရင် ဒဏ် ငွေကို အဆင့်ဆင့်ရိုက်နိုင်သလို ဘဏ္ဍာနှစ်ကုန်လို့မှမပေးဆောင်ရင် ၁၀၀ရာခိုင်နှုန်းထက်မပိုတဲ့ ဒဏ်ငွေကို ပေးဆောင်ရမယ်။ နောက်ဆုံးမှာ ဘယ်လိုမှမပေးဆောင် ရှောင်တိမ်းနေမယ်ဆိုရှင် ဒီတေးသံရှင်ရဲ့ ပြောင်းရွှေ့ နိုင်တဲ့ပစ္စည်း ဒါမှမဟုတ် မပြောင်းရွှေ့နိုင်တဲ့ပစ္စည်းတွေကို စည်းကြပ်ခွန်ဥပဒေအရထုခွဲရောင်းချပြီး ပိုတဲ့ငွေသား ကိုသာပြန်လည်ပေးအပ်သွားမှာဖြစ်တယ်''ဟု ယင်းကထပ်လောင်းပြောဆိုသည်။