10 June 2010

စစ်အာဏာရှင်တွေက ခိုင်းနေပြီး ပြည်သူတွေသစ်ပင်စိုက်ပါတဲ့လေ...

နွေရာသီ အပူဒဏ်ကို ကျောကော့အောင် ခံလိုက်ရတဲ့ ပြည်သူတွေ ဒီအပူဒဏ်တွေ ရေရှားပါးမှုတွေ ဘာကြောင့် ကြုံတွေ့ ရကြရတာလည်း။ အကြောင်းရင်းဇစ်မြစ်ကတော့ နအဖနဲ့  လောဘဇောတိုက်နေကြတဲ့ စီးပွားရေးသမားကြီးတွေ မြန်မာနိုင်ငံရဲ့  စိမ်းလန်းစိုပြေနေတဲ့ သစ်တောတွေကို အကန့် အသတ်မရှိ ထင်သလို ခုတ်ယူရောင်းစားနေကြလို့  ဖြစ်တယ်။ ဒီအပြင် တိုက်တာအဆောက်အဦးတွေ ဆောက်ဖို့  စီမံကိန်းမြေယာတွေ လုပ်ဖို့ အတွက် အရိပ်ရအပင်တွေကိုလည်း အလွယ်တကူ ဖယ်ရှားပြစ်ကြတဲ့ အကျိုးဆက်တွေကြောင့် မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေကို သဘာဝအလျောက် မကာကွယ် မတားဆီးနိုင်တော့ဘဲ အပူရှိန်တွေ မြင့်မားလာတာ၊ ရေကြောင်းပြောင်းလဲမှုတွေဖြစ်လာတာတွေကြောင့် အင်းအိုင်ရေကန်တွေက ရေတွေ ရုတ်ချည်းဆိုသလို လျော့ကျခန်းခြောက်ကုန်တာတွေ ဖြစ်ရတာပါ။

နှစ်ပေါင်းများစွာကတည်းက သဘာဝတောတောင်ထူထပ်လှတဲ့ မြန်မာပြည်ဟာ အခုဆိုရင် မြန်မာနယ်စပ်ဒေသမှာတင်မကဖူး မြို့ ပေါ်တွေမှာပါ သစ်ပင်ကြီးတွေ ရှားပါးကုန်ပြီ အရိပ်ရအပင်ကအစ ရှာယူရတဲ့ အခြေအနေ ကြုံတွေ့ လာနေရပါပြီ။

အခုလို ပြည်သူတွေ သိသိသာသာ အပူဒဏ်ကြုံလိုက်ရတာ ရေရှားမှုဒဏ် ကြုံလိုက်ရတာတွေကြောင့် အရင်နှစ်ပေါင်းများစွာကတည်းက အမျှော်အမြင်ပြည့်ဝစွာနဲ့  တိုင်းပြည်တစ်ပြည်လုံး သဘာဝသစ်တောများကို ထိန်းသိမ်းခဲ့မယ်၊ သစ်ပင်ပျိုးပင်အသစ်တွေကို နှစ်ရှည်စီမံကိန်းနဲ့  စိုက်ပျိုးခဲ့ကြဖို့  မလုပ်ခဲ့မိတာကို တိုင်းပြည်အုပ်ချူပ်နေတဲ့သူတွေက အသိဥာဏ်အရည်အချင်းပြည့်ဝစွာနဲ့ များ မလုပ်ခဲ့မိတာ နောင်တရရမယ့်အစား အခုတစ်ခါ ထပ်ပြီး လုပ်ပြနေတဲ့ လုပ်ရပ်ကတော့ အတော့်ကို အသုံးမကျတဲ့ နအဖလို့ ဘဲ ထပ်ပြောရဦးမှာပါဘဲ။ ပြည်သူတွေအကျိုးအတွက်သာ နအဖက အသုံးမကျတာ သူတို့  အကျိုးအတွက်တော့ အသုံးချတာ လွန်လွန်းပါတယ်။



အောက်ဖေါ်ပြပါ နအဖသတင်းစာပါ သတင်းကိုကြည့်ရင် ပြည်သူတွေကို အသုံးချခိုင်းပြန်ပြီ။ လူတစ်ဦး ကျွန်းတစ်ပင် တစ်အိမ်ထောင် ကျွန်းသုံးပင် စိုက်ရမယ်တဲ့ဗျာ။နအဖတွ မိုက်ရိုင်းချက်ကတော့ ပြည်သူတွေကို ပါးလှည့်နားရိုက်ပြီး ခိုင်းစေပြန်ပြီပေါ့။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အတွက် အရိပ်ရအပင်တွေ စိုက်ခိုင်းမယ်၊ ပြည်သူတွေ အထောက်အကူရဖို့  စားသုံးသီးနှံပင်တွေ စိုက်ခိုင်းမယ်၊ နိုင်ငံတော်က အခမဲ့ ကူညီထောက်ပံ့မှုတွေ ပြုပေးမယ်ဆိုတာ မရှိဘဲ ကျွန်းပင် စိုက်တဲ့။

ပြည်သူတွေက ကျွန်းပင်တွေ စိုက်၊ ကျွန်းပင်ကြီးတွေ ကြီးလာတော့ နအဖအာဏာရူးတွေနဲ့  လောဘသား စီးပွားရေးသမားကြီးတွေက အဲ့ဒီ ကျွန်းပင်တွေကို ခုတ်ပြီး ရောင်းစားကြပေါ့ဗျာ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်။