မြန်မာပြည်မှာ မတန်တဆဈေးနဲ့ ငွေတွေလက်ခံပြီး ယူပါတယ်။ ထွက်ပြေးရင် သိန်း၃၀ပေးရမယ် .. ဆိုပြီး စာချုပ်ချုပ်ပါတယ်။ အခု ဂျပန်ကုမ္ပဏီက ငွေတွေ ပြန်တောင်းနေပါပြီ။ သူတို့က အစစအရာရာ အကုန်ခံပြီးခေါ်ရတာလေ.. မြန်မာပြည်မှာလိုတော့ ဗိုလ်ချုပ်အာဏာပြလို့ မရပါ...။
ဥပဒေရဲ့ အထက်မှာ ဗိုလ်ချုပ်တွေပဲရှိရမယ်...
ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းရဲ့ သားတစ်ယောက်မှ လူတစ်ယောက်ကို ကားမတော်တဆဖြစ်ပြီး သေဆုံးစေခဲ့တာ သိကြမယ် ထင်ပါတယ်။ အဲဒီအချိန်တုန်းက သူတို့ မိသားစုတွေဟာ သူတို့ရဲ့ ဆွေမျိုး ဟာမိုနီ သိန်းထွန်း မှတဆင့် အနော်ရထာလမ်းက ရွှေဆိုင်မှာ အမေရိကန် ဒေါ်လာတွေ ရောင်းခဲ့ပါတယ်။ သူ့မိသားစုဟာ ကွယ်လွန်သူ မိသားစုတွေအတွက် အခန်းတစ်ခန်း နှင့် ငွေအချို့ပေးခဲပါ့တယ်။ ဒါကြောင့်ဘဲ ဒီကားတိုက်သေဆုံးမှု ဟာပျောက်ကွယ်ခဲ့ရပြီး ကားတိုက်မှုဖြစ်တဲ့ ဒီ Mark 2 ကားကိုလည်း လဲခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဆိုတဲ့ ပါဝါ နဲ့ ငွေ ကြောင့် ကားတိုက်မှု ဖြစ်တဲ့ လူသတ်တရားခံနဲ့ ဥပဒေ ပျောက်ကွယ်နေရပါပြီ။ပေးပို့လာသူ အတွင်းသိ အားကျေးဇူးတင်ပါသည်။