10 June 2010

ဂျီမေးလ် ၀က်ဆိုဒ် ဆင်တူယိုးမှား အတု (Fake Gmail website) ကို သတိထားကြပါ။

ဂျီမေးလ်ကို ဖွင့်ဖို့ အတွက် သွားရောက်လေ့ရှိကြတဲ့ ဂူဂဲမေးလ် အင်တာနက်စာမျက်နှာပုံစံအတိုင်း အင်တာနက်စာမျက်နှာအတု ပေါ်နေပါတယ်။ ရုတ်တရက် သတိမထားဘဲ အစစ်ထင်ပြီး မိမိရဲ့  user name နဲ့  password ကို ထည့်လိုက်ပြီး sign in လုပ်လိုက်မိရင် မိမိရဲ့  ဂျီမေးလ် user name နဲ့  password တွေ ခိုးယူရရှိသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် အထူးသတိထားပြီး ကြည့်ကြနိုင်ဖို့  ဂျီမေးလ်အင်တာနက်စာမျက်နှာအတုကို ဖေါ်ပြလိုက်ရပါတယ်။

ယခုဖေါ်ပြထားတဲ့ ပုံတွေမှာ ဂျီမေးလ်အင်တာနင်စာမျက်နှာအတုဖြစ်တဲ့ (http://tdbear.freehostia.com.freehostia.com/) နဲ့  ဂူဂဲလ်ရဲ့  ဂျီမေးလ်အင်တာနက်စာမျက်နှာအစစ်ဖြစ်တဲ့ (https://mail.google.com) သို့ မဟုတ် (https://www.google.com) တို့ ရဲ့  ပုံတွေကို နှိုင်းယှဉ်ဖေါ်ပြအပ်ပါတယ်။






ဂျီမေးလ်အင်တာနင်စာမျက်နှာအတုနဲ့  အစစ် ကွာခြားချက်တွေကိုလည်း အောက်ပါအတိုင်း ကြည့်မြင်နိုင်ပါတယ်။

၁။ Gmail အတု SITE ရဲ့ လိပ်စာက http://tdbear.freehostia.com.freehostia.com/ ဖြစ်ပြီး GMAIL အစစ် WEB SITE နဲ့ ဆင်တူရိုးမှားဖြစ်အောင် လုပ်ထားပါတယ်။ တစ်ကဲ့ GMAIL SITE အစစ်ရဲ့ လိပ်စာဟာ https://www.google.com ဒါမှမဟုတ် http://mail.google.com နဲ့ စ ရမှာ ဖြစ်ပါတယ်။

၂။ Gmail အတု site မှာ free space ဟာ 3.2 GB ကျော်ကနေ စတင် ရေတွက်နေပြီး၊ တစ်ကဲ့အစစ် gmail site ကတော့ 7.4 GB ကျော်နေပါပြီ။

ဒါကြောင့် မတော်တဆ အဲဒီ ဂျီမေးလ်အင်တာနက်စာမျက်နှာအတုထဲ ရောက်သွားခဲ့ရင် ဘာမှ ဆက်လက်မလုပ်ဘဲ အဲ့ဒီ စာမျက်နှာအတုကို အမြန်ပိတ်လိုက်ပြီး အင်တာနက်ကနေ ပြန်ထွက်လိုက်ပါ။ မသမာသူတွေဟာ သူများတွေရဲ့ gmail account တွေကို ခိုးဖို့ အစီအစဉ်နဲ့ အခုလို စနစ်တကျ လုပ်ထားခြင်းပါ။

တကယ်လို့များ အဲဒီ site ကနေ gmail ထဲ ၀င်သွားခဲ့သူများရှိပါလျှင် ကိုယ့်ရဲ့ password ကို တကဲ့ gmail လိပ်စာ အစစ်အမှန် ဖြစ်တဲ့ https://mail.google.com မှဝင်ပြီး အမြန် ပြောင်းကြပါ။

အဲဒီမှာ မေးစရာ ရှိနေပါလိမ့်မယ်။ အဲဒီ gmail အတု site ကနေ ၀င်လဲ ကိုယ့်ရဲ့ mail တွေကို ဖတ်နိုင်တာပဲလို့။ ဟုတ်ပါတယ်၊ ကိုယ်လဲ ဖတ်နိုင်သလို ခိုးယူရရှိသွားသူကလည်း တစ်ပြိုင်နက်ထဲ ဖတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ gmail အတု site က ရိုက်သွင်းလိုက်တဲ့ user name နဲ့ password ကို မှတ်သားထားလိုက်ပြီး တကဲ့ gmail site အစစ်စီ forward ဒါမှမဟုတ် DIVERT လုပ်အောင် program သွင်းထားလိုက်ပြီး ဖြစ်တာပါ။

ဒါကြောင့် ကိုယ့်ရဲ့ mail တွေကို ဖတ်နိုင်တာပါ။ ကိုယ်ဖတ်နေတဲ့ အချိန်မှာ သူတို့က ကိုယ့်ရဲ့ user name နဲ့ password ကို ရသွားပါပြီ။ နောက်ဆုံး ကိုယ့် password ရသွားတဲ့ သူက PASSWORD အသစ်ပြောင်းလိုက်ရင် ကိုယ့် account ပါ ဆုံးသွားမှာ ဖြစ်ပါတယ်။

Computer လောကမှာတော့ Phising (ဖစ်ရှင်း ) လို့ခေါ်ပါတယ်။ ငါးမျှားတဲ့ Fishing အသံထွက်အတိုင်းပါပဲ။ အဓိပ္ပာယ်လဲ ဆင်တူပါပဲ။ ငါးတွေကို ငါးမျှားချိတ်မှာ အစာတတ်ပြီး ဖမ်းသလို အခုဟာက user name နဲ့ password တွေကို Site ဆင်တူရိုးမှား ဘန်းပြပြီး ခိုးတာပါ။

ဘယ်လိုကာကွယ်မလဲ။ Mail တွေမှာ ပါလာတဲ့ လင့်ခ် Link တိုင်းကို မနှိပ်ပါနဲ့။ နှိပ်ခဲ့လို့ရှိရင်လဲ ကိုယ့်ကို ခေါ်ဆောင်သွားတဲ့ Website ရဲ့ URL address က ဟုတ် မဟုတ် ၊ မှန် မမှန် စစ်ဆေးပါ။
အခုလို User name နဲ့  password တွေ ရိုက်ရမဲ့နေရာတွေမှာ ပိုသတိထားပါ။ အကောင်းဆုံးကတော့ URL address bar နေရာမှာ မှာ ကိုယ်တိုင် type ရိုက်ထဲ့တာ အကောင်းဆုံးပါပဲ။ password ကိုလဲ မကြာခဏ ပုံမှန် ပြောင်းပေးပါ။

စောစောက ဖေါ်ပြထားတဲ့ ဂျီမေးလ်အင်တာနက်စာမျက်နှာ အတုကို သွားရောက်ကြည့်ရင် (မိမိ ကွန်ပျူတာမှာ အကာအကွယ်ပြုလုပ်ထားတဲ့ ဆော့ဝဲထည့်ထားရင်) အဲ့ဒီ ဂျီမေးလ်စာမျက်နှာအတုဟာ အတု (forgery – Fake) ဖြစ်ကြောင်းနဲ့  မိမိရဲ့  ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူဖို့ အတွက် ဆင်တူယိုးမှား ပုံမှားရိုက်ထားတာဖြစ်ကြောင်း သတိပေးစာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။



ပြန်လည်မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။