19 May 2010

မြန်မာနိုင်ငံတွင်ဘောလုံးကွင်းအတွင်း ထီးယူခွင့်မပြုကြောင်း ကြိုတင်သတင်းမထုတ်ပြန်သဖြင့် အခက်အခဲများကြုံကြရ ...

ဘောလုံးကွင်းအတွင်း ထီးယူဆောင်ခွင့်မပြုကြောင်း ကြိုတင် သတင်းထုတ်ပြန်ထားခြင်းမရှိသော်လည်း လုံခြုံရေးအရ တားမြစ်ခဲ့မှုကြောင့် ဘော လုံးပရိသတ်များမှာ အခက်အခဲများ ကြုံ တွေ့ခဲ့ရကြောင်း သိရသည်။


ယခုကျင်းပနေသော ပြိုင်ပွဲမှာ နိုင်ငံတကာအဆင့်ပြိုင်ပွဲဖြစ်သည့်အတွက် ပရိသတ်အများအပြားလာရောက်အားပေး သည့်အပြင် ကွင်းအတွင်း ထီးယူဆောင် ခွင့်မရှိကြောင်းကို ကြိုတင်မသိရှိဘဲ မေလ ၏ ပျမ်းမျှအပူချိန်ထက် ရှစ်ဒီဂရီစင်တီ ဂရိတ်ပိုသော ရာသီဥတုကြောင့် ပရိသတ် အများစုမှာ ထီးများ ယူဆောင်လာကြရာ ထီးအပ်နှံရန်နေရာမရှိခြင်းကြောင့် အခက် အခဲများ ဆုံးရှုံးမှုများ ကြုံတွေ့ရသည်ဟု ဘောလုံးပရိသတ်များထံမှ သိရသည်။


"ရန်ဖြစ်တဲ့အခါ အသုံးပြုမှာ စိုးလို့ ထီးကို ယူခွင့်မပြုတာပါ။ ကြိုတင် ပြီးတော့ သတင်းမထုတ်ပြန်ထားဘူး။ ကျွန် တော်တို့လဲ တာဝန်အရ ဆောင်ရွက်ရတာ ပါ။ ကျွန်တော်တို့လက်ခံသိမ်းထားဖို့ကလဲ ပရိသတ်များတော့ မဖြစ်နိုင်ဘူး။ ထီး ပျောက်တဲ့သူတွေရှိပေမယ့် ကျွန်တော်တို့ အနေနဲ့ ဘာမှ မတတ်နိုင်ဘူး။ ကြိုတင် သတင်းထုတ်ပြန်နိုင်ဖို့ တာဝန်ရှိသူတွေကို တင်ပြပေးပါ့မယ်"ဟု တာဝန်ကျလုံခြုံရေး အရာရှိဗိုလ်ကြီးနေလင်းထွန်းက ပြော သည်။


ထီးယူဆောင်လာသော ပရိ သတ်များမှာ ထီးအပ်နှံနိုင်မည့်နေရာမရှိ သဖြင့် ကွင်းအ၀င်ရှိ လုံခြုံရေးများအနီး မြေကွက်လပ်ပေါ်တွင် ချထားခဲ့ကြရ၍ ထီး ပျောက်ဆုံးသူများစွာရှိခဲ့ကြောင်းသိရသည်။


"အရင်က ကျွန်တော်တို့ ထီး ဆောင်းခဲတယ်။ အခု အရမ်းပူလို့ ထီးယူ လာတာ။ ကွင်းထဲယူလို့မရတာသိမှမသိ တာ။ ဘာကြောင့်လဲဆိုတာလဲ ရှင်းမပြဘူး ဗျာ။ သိမ်းရမယ့်နေရာလဲ မရှိဘူး။ လက် မှတ်ကလဲ ၀ယ်ပြီးနေပြီ။ ကိုယ့်နိုင်ငံအသင်း ကို အားပေးချင်လို့ အခုလို နေပူထဲလာ တာ မထူးဘူးဆိုပြီး လုံခြုံရေးတွေနားက မြေကွက်လပ်မှာ ထားခဲ့တာ ပွဲပြီးတော့ မရှိ တော့ဘူး။ ဒီအတိုင်း ချထားတာဆိုတော့ တစ်ယောက်ယောက်ကောက်သွားမှာပေါ့" ဟု မေ ၁၁ရက်တွင် ကျင်းပသော မြန်မာ- ဘူတန်ပွဲတွင် ထီးပျောက်ခဲ့သော ဘောလုံး ပရိသတ် ကိုဇော်လတ်က ပြောသည်။


ယခုကျင်းပလျက်ရှိသော AFC President's Cup 2010 အုပ်စုအဆင့်ပွဲစဉ် များကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိ ကြောင်း သိရသည်။


ယင်းကြောင့် ပရိသတ်များမှာ လုံခြုံရေးအရ ဆောင်ရွက်ခြင်းများကို လက်ခံသော်လည်း ယခုကဲ့သို့ စိတ်အနှောင့် အယှက်နှင့်ဆုံးရှုံးမှုများကို မကြုံတွေ့စေရန် ကြိုတင်သတင်းထုတ်ပြန်ပေးစေလိုသည်ဟု ဆိုသည်။


သတင်း..YMG