22 May 2010

ဒို့လူမျိုး တွေ နေ၀င်ချိန်ကို စောင့်ကြနေကြတာလား။

ဒို့လူမျိုး တွေ နေ၀င်ချိန်ကို စောင့်ကြနေကြတာလား။

ဒီပုံတိုင်းသာ ဆက်သွားရင် မကြာပါ ဘူး နေ၀င်ချိန်ကို ရောက်တော့မှာပါ။ ကမ္ဘာမှာ ဗမာလူမျိုး
ဆို တာ ပျောက်ဘို့ အချိန်သိပ်မလိုတော့ဘူး။လူမျိုးပျောက်ပြီ ဆိုမှတော့ ဒို့တွေကကော ။
စဉ်းစားစရာကို မလိုတော့ဘူး။


တိုင်းပြည်ကို အမျိုးမျိုး နှိပ်စက် ၊ ယုတ်မာမှုမှာ နှိုင်းယှဉ်စရာ မရှိ ၊ ဒါ တွေကို သိရဲ့နဲ့ ငုံ့ခံနေကြတော့မှာ
လား။ဒို့တွေမှာ စိတ်ဓါတ်ခွန်အားတွေ နည်းပါးလာအောင် လုပ်နေကြလို့ ဒို့လူမျိုးတွေ ရင်ထဲမှာ
အကြောက်တရား တွေ ကိန်းအောင်းနေကြပြီ။

တစ်ချိန်က ကမ္ဘာမှာ ဗမာလူမျိုးဆိုပြီး ကြွေးကြော်နိုင်ခဲ့ကြတာ သူရဲကောင်းတွေ ရှိခဲ့ကြလို့ဘဲ။ဒို့တွေ
လည်း လုပ်ရ င် ဖြစ်ပါတယ် ။ ဘာတွေ ကို စဉ်းစားပြီး တွေးကြောက်နေကြမှလဲ။ဒို့တွေရဲ့ စီးလုံးညီညွတ်
မှုကို ပြသဖို့ အချိန်ရောက်နေကြပြီ။ အား လုံး ညီညီညွတ်ညွတ်နဲ့ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ယူကြဖို့
ဘဲလိုပါတယ်။ဒီလိုချိန်မှာ မဟုတ်တာတွေ စဉ်းစားပြီး ရင် ထဲမှာ အကြောက်တရားတွေ ကိန်းအောင်း
လာအောင် ပြောတဲ့သူဟာ ဒို့ရဲ့ရန်သူဘဲ။

လူတိုင်းကတစ်နေ့တော့သေကြမှာဘဲ။ရှင်လျက်နဲ့သေနေရတဲ့ဘ၀ကပိုဆိုးပါတယ်။သေချာစဉ်းစားကြည့်
ကြပါ။ဒို့တိုင်းပြည် ဘာတွေလိုအပ်နေလဲ ။ ဒါတွေကို ငါ တို့တွေ တောင်းဆိုကြရမယ်။ဒို့တွေ မဟုတ်တာ
လုပ်တာ မဟုတ်ဘူး ။ လိုချင်တာကို ရဲရဲ ၀င့်ဝင့် ထုတ်ဖော်ပြောဆိုတာပါ ။

ကိုယ်အိမ်ထဲမှာကိုနေ၊ ဖြစ်သမျှကို ညီးညူ ၊ ကံတရားကို ပုံချနေလို့ မရဘူး ။တိုင်းပြည်အကျိုးကို
ဆောင်ရွက်ချင် တဲ့သူတွေ အများကြီးရှိပါသေးတယ်။ငါ တို့တိုင်းပြည်ကောင်းစားရေး အတွက်
အရာရာကို လက်လွတ်အဆုံးရှုံး ခံ ထောင်ထဲမှာ ရောက်နေတဲ့သူရဲကောင်းတွေကို ငါ တို့တတ်နိုင်
တဲ့ဘက်က ပြန်ပြီးဂုဏ်ပြုကြရမယ်။

ဒို့တွေအားလုံးသိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဒို့တိုင်းပြည်လိုအပ်နေတဲ့ လွတ်လပ်ရေးကို တိုင်းပြည်ကောင်းစားရေးအတွက် ရယူပေးခဲ့တာ။

လက်တစ်ဆုပ်စာ ကိုယ်ကျိုးရှာ လူတစ်စု ကောင်းစားဖို့မဟုတ်ဘူး။ဒို့တွေမတရားမှုကို ဆန့်ကျင်ရမယ်။
ဒို့တွေရဲ့ဆန္ဒအမှန်ကိုထုတ်ဖော်ကြမယ်။ဒို့တွေကိုဦးဆောင်မယ့်ခေါင်းဆောင်ကောင်းတွေလိုအပ်တယ်။
ဘယ်သူဘဲခေါင်းဆောင်လုပ်လုပ် ဦးတည်ချက်က တိုင်းပြည်ကောင်းစားရေးဘဲဖြစ်ရမယ်။

အားလုံး မကြောက်မရွံ့ နောက်မတွန့်ဘဲ ဒို့တိုင်းပြည်မှာ လိုအပ်နေတဲ့ အရောတွေကို တောင်းဆိုကြမယ်။
တိုင်းပြည်ကိုချစ်သောတပ်မတော်သားတွေကိုလည်းပြောပြချင်ပါတယ်။သင်တို့ကိုလစာရိက္ခာထောက်ပံ့
နေသည်မှာ ပြည်သူတွေဖြစ်သည်။သင်တို့ကို ထမင်းကျွေးနေသောသူ ပြည်သူလူထုကိုညင်းပန်းနှိပ်စက်
ဒုက္ခပေးခြင်းသည် ကိုယ့် ထမင်းရှင်ကို ပြန်လည်ပြစ်မှားခြင်းဖြစ်ပေသည်

ကျွန်တော်တို့တွေ သိသော တပ်မတော်သည် ပြည်သူမှပေါက်ဖွားလာခြင်းဖြစ်သည်။ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်ဖြစ်သည်။ ကိုယ်ကျိုးရှာ
လူတစ်စု၏ မှားယွင်းစွာ ပေးသော ကိုယ်ကျိုးရှာအမိန့်ကို လိုက်နာခဲ့မိ၍ တစ်ကမ္ဘာလုံးက လေးစား
ရသော သာသနာဝန်ထမ်း ရှင်ရဟန်းများကိုပင် သွေးစိမ်းရှင်ရှင်ထွက်အောင် ရိုက်ပုတ်ခဲ့ကြလေပြီ။
အမိန့်ဆိုသောစကားကို အသုံးချလျက် သင်တို့ကို ထိုသို့ကြမ်းတမ်းယုတ်မာရိုင်းစိုင်းသော စိတ်ဓါတ်
များကို သင်တို့ရင်တွင်းသွတ်သွင်းပေးနေသည်မှာ ထိုကိုယ်ကျိုးရှာ အာဏာရှင်လူတစ်စု ပင်ဖြစ်သည်။
သင်တို့ရင်တွင်းမှ ထိုသို့သောစိတ်ဓါတ်များကို မောင်းထုတ်၍ ပြည်သူချစ်သောတပ်မတော်သားများ
အဖြစ် ပြန်လည်ပြုပြင်သင့်သည်။

ယနေ့တပ်မတော်တွင်း ဖြစ်ရပ်မှန်များကို သင်တို့ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်ကိုကာကွယ် စောင့်ရှောက်ရန် ပေးအပ်ထားသော လက်နက်များဖြင့်တိုင်းသူပြည်သား
တို့အား ခြိမ်းခြောက်နေမယ့်အစား ကိုယ်ကျိုးရှာ အာ ဏာရှင် လူတစ်စုကို မောင်းထုတ်ရန်ကြိုးပမ်း
နေသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများနှင့် လက်တွဲရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။


တိုင်းရင်းသားပြည်သူများခင်ဗျာ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရွက်၍ သင်တို့၏ တိုင်းရင်သားခေါင်းဆောင်များ အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်ကိုပြန်လည် အမှတ်ရစေလိုပါတယ်။ ပြည်နယ် ပြည်မ
မခွဲခြားရေးနှင့် တိုင်းပြည်အတူတွ စည်းလုံးညီညွတ်ရေးကို ရရှိရန် သဘောတူညီလက်မှတ်ထိုး
ခဲ့ကြ သည်မှာ သင်တို့အင်မတန်မှ လေးစားကြသေ သင်တို့၏ ခေါင်းဆောင်များပင်ဖြစ်သည်။
ယနေ့ ဒီအချိန်သည် ပင်လုံစာချုပ်ပါ အချက်အလက်များ အကောင်အထည် ဖော်ရန်
တိုင်းပြည်ကို တိုးတွန် ကောင်းမွန်ရန် အတွက် အတူတကွ လုပ်ကိုင် ဆောင်ရွက် ကြရန်
သင်တို့ကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။


ဒို့တိုင်းပြည်မှာ သူရဲကောင်းတွေ အများကြီးပါ။မိန်းမသားဖြစ်ပေမယ့် တစ်ကမ္ဘာလုံးက လေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးမျိုးဆက် ဒေါ်အောင်ဆန်းဆုကြည်အသက်ကြီးပေမယ့်စိတ်ဓါတ်မကြဘဲ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်နေတဲ့ ဟံသာဝတီ ဘဘ ဦးဝင်းတင်။တိုင်းပြည်ကောင်းစားရေး
အတွက် ဘ၀နှင့်ရင်းနှီးမြှပ်နှံခဲ့တဲ့ အငြိမ်းစား စစ်ဦးစီးချုပ် ဘဘ ဦးတင်ဦးဗမာလူမျိုးတွေရဲ့အမှားကို
ထောက်ပြကာ တစ်နိုင်ငံလုံး မကြောက်တရား လှည့်လည် ဟောကြားနေတဲ့ ဆရာတော် ဦးသုမင်္ဂလ
နိုင်ငံကျော် လူသားတွေ ဖြစ်ပေမယ့် ပြည်သူတွေကို ကူညီဖို့ ဘ၀ကိုရင်းနှီးမြှပ်နှံထားတဲ့ ကိုကျော်သူ..
ကိုဇဂနာဒို့ကျောင်းသားတွေလဲ သတ္တရှိရှိရဲဝံ့ပါတယ်၊တိုင်းပြည်အတွက်ဆို အသက်ပါပေးထားတဲ့
ကိုမင်းကိုနိုင် နှင့်တစ်ကွကျောင်းသားခေါင်းဆောင်များအခြားတိုင်းကျိုးပြည်ပြု နိုင်ငံရေးပါတီများ
မြန်မာစစ်အစိုးရက မရားသဖြင့် ဒုက္ခပေးသည်ကို သီးမခံနိုင်၍တိုင်းတစ်ပါးတွင်ခတ္တတိမ်းရှောင်နေ
ရသောသူများသူတို့တွေအခုချိန်ထိ သက်ရှိထင်ရှားရှိနေကြသေးတယ် ။ သူတို့တွေဟာ ရင်ထဲက
ကြောက်ရွံ့ခြင်းကို မောင်းထုတ်ကာ တိုင်းပြည်အကျိုးကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေကြတယ်။


အားလုံးသောရဟန်းရှင်လူပြည်သားများ၊ ကျောင်းသားများနှင့်တိုင်းပြည်ကို တကယ်ချစ်သော တပ်မတော်များခင်ဗျာ မိမိနိုင်ရာတာဝန်ကို ထမ်းဆောင်ပြီး ဒို့တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော တရားမျှတ၍ လွတ်လပ်စွာ တိုင်းပြည်ကို တိုးတက်စေနိုင်သာ ဒီမိုကရေစီနိုင်ငံ
နိုင်ငံတောကြီး ပေါ်ပေါက်ရေးကိုဝိုင်းဝန်းကြိုးစားကြပါလို့ တောင်းဆိုလိုက်ပါတယ်။


ဒီမိုကရေစီရရှိရေး ........ ဒို့အရေး
စစ်အာဏာရှင် စနစ်ပျက် သုဉ်းရေး .................ဒို့အရေး
မတရားမှုကို အလို မရှိ အလိုရှိ တာ ဒီမိုကရေစီိ .....................................
ဒို့တွေ အား လုံး တရားမျှတ၍ လွတ်လပ်စွာ တိုင်းပြည်ကို တိုးတက်စေနိုင်သာ ဒီမိုကရေစီ နိုင်ငံတော်
ကြီးဆီသို့  ချီတက်ကြပါစို့တိုင်းပြည်ကို တိုးတက်ကောင်းမွန်စေချင်တဲ့



ဗမာ့သွေး