20 May 2010

(လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။ သို့သော် . . . ညွှတ်ကား မညွတ်” - ဗိုလ်ချုပ်အောင်ဆန်း)။

မိတ်ဆွေတို့ -

ကျွန်တော်သိသော ပုံပြင်တစ်ခုကို သင်တို့ကို ပြောပြချင်လို့ပါ။

တခါက တိုင်းပြည်တစ်ပြည်မှာ ရာသီဥတုဖောက်ပြန်လို့ ရေတွေကြီးလာတယ်။ ရေကြီးတဲ့ အရှိန်ကြောင့် သတ္တ၀ါတွေဟာ အိမ်ခေါင်မိုးတွေပေါ်မှာ တက်နေကြရတယ်။

ဒီလိုရေကြီးတာကနေ ရေကျသွားလို့ အချို့သော သတ္တ၀ါတွေဟာ ကိုယ်နေရာကို ပြန်နေကြပါတယ်။ ဒါပေမယ့် ရေကြီးလို့ အိမ်ခေါင်ပေါ်ကို ရောက်လာတဲ့ အထဲက ခွေးအုပ်စုတစ်စုဟာ ခေါင်မိုးပေါ်မှာ နေရတာကို နှစ်ခြိုက်ပြီး အောက်ကို ပြန်မဆင်းချင်ကြတော့ပါဘူး။

သူတို့တွေဟာ လူတွေ ခက်ခက်ခဲခဲ ရှာဖွေရာကနေ ရလာတဲ့ စားသောက်စရာတွေကို လုယက်စားသောက်ပြီး တိုင်းသုပြည်သားတွေကို စပြီး ဒုက္ခပေးကြပါတော့တယ်။ ဒုက္ခရောက်နေတဲ့ တိုင်းသူပြည်သားတွေဟာ စားစရာအတွက် လုံးပန်းနေကြရင်းက ဒီ ခွေးအုပ်စု၇ဲ့ ဒုက္ခပေးခြင်းကို ခံစားရပါတယ်။

စည်းလုံးညီညွတ်မှု မရှိ ကိုယ်ဝမ်းစာကို ကိုယ် ခက်ခက်ခဲခဲ ရှာစားနေရတဲ့ တိုင်းသူပြည်သားတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူတို့တွေဟာ တိုင်းပြည်ကို ကြီးစိုးမင်းမူလာကြပါတယ်။

တိုင်းသူပြည်သားတွေဟာ သူတို့တွေရဲ့ မတရား ညင်ပန်းနှိပ်စက်မှုကို ခံနေရပေမယ် ထိရောက်တဲ့ တုန့်ပြန်မှုကို မလုပ်ခဲ့ကြဘူး။

လူတွေဟာ အချင်းချင်း ညီးညူခြင်းနဲ့ အချိန်ကုန်လွန်ခဲ့ကြတာက လွဲလို့ ပြန်ပြီး ခုခံနိုင်မယ့် နည်းလမ်းကို မတွေးခဲ့ကြဘူး။

အချို့ သတ္တိရှိသော တိုင်းသူပြည်သားတွေဟာ သူတို့တွေရဲ့ မတရားနှိပ်စက်မှုကို သည်းမခံနိုင်ကြလို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ လက်တုန့် ပြန်ခဲ့ကြပါတယ်။ သို့သော်လည်း အရေအတွက်အားဖြင့် ကွာခြားတဲ့ အတွက်ကြောင့် သူတို့ အုပ်စုတွေရဲ့ ရက်စက်သော နှိမ်နင်းခြင်းကို ခံရပါတယ်။ ကိုယ်ဝမ်းစာမှ မမှန်တဲ့ တိုင်းသူပြည်သားတွေဟာ ဒီအုပ်စုရဲ့ ရက်စက်မှုကို ပိုမိုကြောက်ရွံ့ကာ ဆိုးသထက် ဆိုးလာပါတော့တယ်။

အဲဒီလိုဘဲ တဖက်မှာလည်း အချို့  က ပျင်း၇ိ ၊ ရေသာခိုအချောင်လိုက်ချင်တဲ့ တိုင်းသူပြည်သားအချို့ဟာ ဒီခွေးအုပ်စုကို အောက်ကျို့ ဆက်ဆံ ပေါင်းသင်းပြီး ၊ ခွေးတွေ ရဲ့ စားကြွင်းစားကျန်ကို စားကာ ၊ ခွေးအုပ်စုကို မြှေက်ပင့် ပေါင်းသင်းလာကြပါတယ်။

ဒီလို မြှောက်ပင့် ပြောဆိုတာကို အဟုတ်မှတ်နေတဲ့ ခွေးအုပ်စုဟာ သူတို့ကို သူတို့ အထင်တွေကြီးပြီး လုပ်ချင်ရာကို လုပ်ကြပါတော့တယ်။ ဒီလိုဒဏ်တွေကို ခံနေရတဲ့ တိုင်းသူပြည်သားတွေဟာ စိတ်ထဲမှာ မကျေနပ်ကြပေမယ့် ၊ လက်တုန့်ပြန်ဖို့ အခြေအနေကို စောင့်နေကြပါတယ်။

တစ်နေ့ တော့ တိုင်းသူပြည်သားတွေရဲ့ ဘ၀ကို အကြီးအကျယ် ပြောင်းလဲစေမယ့် လူတစ်ယောက် ပေါ်ထွက်လာပါတယ်။

သူဟာ တစ်တိုင်းပြည်လုံး သိအောင် လှည့်လည် ကြေညာမောင်းခတ်ခဲ့ပါတယ်။ သူရဲ့ စေတနာနဲ့ သတ္တိရှိစွာ ဟောပြောမှုကို ကြားနာရတဲ့ လူတွေဟာ စိတ်အားတက်ကြွစွာနဲ့ ခုခံတွန်းလှန်ဖို့ကို စတင် လုပ်ဆောင်လာကြပါတယ်။

သူပြောခဲ့တဲ့တာလေးကတော့ - " လူဘ၀သာ တစ်ခါဘဲ သေရမယ်။ အခုလို ဆက်ပြီးနေရင် အားလုံး ဒုက္ခရောက်ပြီး သေကြတော့မယ် ။ ဒီလို အကျိုးမရှိ သေမယ့်အစား ကိုယ်တတ်နိုင်သလောက် ကြိုးစားခဲ့မယ်ဆိုရင် နောင်လာမဲ့ ကိုယ်ရဲ့မျိုးဆက်တွေဟာ အခုလိုဒုက္ခမျိုးတွေကို မခံကြရတော့ဘူးပေါ့။

အခုလည်း ဒုက္ခေ၇ာက်နေတာဘဲ ။ ဒီလိုလုပ်လို့ ပိုဆိုးလာမယ်ဆိုတဲ့ အတွေးတွေကို မောင်းထုတ်လိုက်ကြပါ။

ဒို့တွေဟာ မတတ်သာလို့သာ ငုံ့ခံနေရတယ်။ ကြောက်ရွံ့စိတ်တော့ မရှိဘူးဆို တာကို ပြလိုက်ကြစမ်းပါ။

အားလုံးသာ လက်တွဲညီညီနဲ့ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ၀ိုင်းဝန်းကြိုးစားကြမယ်ဆိုရင် မကြာခင်မှာ သာယာစိုပြေတဲ့ ဒို့ရဲ့တိုင်းပြည်ကို ရရှိမှာ မလွဲပါဘဲ။

ကြောက်ရွံ့စိတ်တွေကို မောင်းထုတ်လိုက်ပါ ။ ဒို့တွေရဲ့ စည်းလုံးညီညွတ်မှု အင်အားကို သိသွားရင် သူတို့တွေ နဲ့ ထိုက်တန်တဲ့နေရာကို ပြန်ရောက်သွားကြမှာ။


နေရာတိုင်းမှာ ခေါင်းဆောင်ဆိုတာ အရေးကြီးတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာ သာသနာအတွက် အားလုံးဝိုင်းပြီး ပူးပေါင်း ဆောင်ရွက်ကြပါ။

ရည်မှန်းချက်နဲ့ ပန်းတိုင်ရှိခဲ့မယ်ဆိုရင် ဒို့တွေ တောင့်တနေတဲ့ တိုင်းပြည်ကို မကြာခင်မှ ရရှိမှာပါ။ ဘယ်အချိန်မှာ စပြီး လုပ်ကြရမလဲဆိုရင် အခု အချိန်ကစပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားပါလို့ ပြောပါရစေ။"

အခုလိုမျိုးကို ကြားနာကြရတဲ့ တိုင်းသူပြည်သားတွေဟာ ချက်ချင်း လက်တွေ့အကောင်အထည် ဖော်ခဲ့ကြပါတယ်။

တိုင်းသူပြည်သားတွေကို ဆက်လက် ဒုက္ခပေးချင်တဲ့ဒီအုပ်စုဟာ သူတို့ကို ဆန့်ကျင်နေကြ အတိုင်းဘဲထင်ပြီး နှိပ်ကွပ် ဖြိုခွင်းဖို့ ကြိုးစားကြပါသေးတယ်။

အင်မတန်မှ စည်းလုံးပြီး နာကြည်းချက်တွေ ပြည့်နေတဲ့ တိုင်းသူပြည်သားတွေဟာ တားဆီးမှု မှန်သမျှကို တွန်းလှန်ပြီး အောင်မြင်မှု ပန်းတိုင်ကို ရရှိသွားပါတော့တယ်။

ကျွန်တော်တို့ကော ဘာဆက်လုပ်ကြမလဲ ?

ဒို့တိုင်းပြည်၊ ဒို့လူမျိုး ၊ တို့ဘာသာ သာသနာအတွက် ဤစာကို ဖြန့်ဝေပေးခြင်းဖြင့် ကူညီပေးကြပါလို့ တောင်းဆိုလျှက် ကိုယ်တိုင်းပြည်ကိုအရမ်းကောင်းမွန်စေချင်တဲ့ -

ဗမာသွေး။

(လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။ သို့သော် . . . ညွှတ်ကား မညွတ်” - ဗိုလ်ချုပ်အောင်ဆန်း)။