17 May 2010

စစ်အာဏာရှင် တွေကျဆုံးခန်းရောက်ရပါတော့မယ်ရှေးလူကြီးတွေပြောပြောနေတဲ့ အတိတ်နမိတ်တွေ တဘောင်တွေ ကတော့ ပြနေကြပါပြီ



"မေလ ၁၆ ရက်နေ့ ည ၆ နာရီခွဲလောက်မှာ တွေ့လိုက်ရတာပါ။ လ နဲ့ သောကြာကြယ် နီးကပ်နေတာကို မိနစ်အတော်ကြာ မြင့်စွာကောင်းကင်မှာတွေ့မြင်ခဲ့ရတယ်လို့သိခဲ့ရပါတယ်။ ဒါမျိုးမမြင်ဖူးတဲ့ ပြည်သူတွေ တော်တော်များများ စိတ်ဝင်တစားကြည့်ခဲ့ကြပါ တယ်။ စိတ်ဝင်စားသူများကတော့ရှေ့မီနောက်မီလူကြီးတွေကို မေးကြည့်တော့ ဒါမျိုးတွေပြသနေပြီဆိုလျှင် သတိပြုစရာနမိတ်တစ်ခုလို့ပဲ ပြောပြခဲ့ကြပါတယ်"။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ပျဉ်းမနားမြို့တို့တွင် မြင်တွေ့ခဲ့ရသည်ဟု သိရသည်။


တိုင်းပြည်ကို အုပ်ချုပ် နေတဲ့ မင်းဆိုးမင်းညစ်တွေ ၊ ကံနိမ့်သွားတဲ့ မင်းတွေအတွက် သွေးထွက်သံယိုနဲ့ နိဂုံးချုပ်မယ့် နမိတ်လို့လဲ ဆိုပါတယ်။ ရှေ့မီနောက်မီ လူကြီးတွေအပြောအရ ဘုရင် တွေထီးနန်း ပျောက်တော့ မည်အချိန်ဆိုရင် ယခုလို အတိတ်တွေ နမိတ်တွေတဘောင် တွေ ပေါ်ထွက်ကြပါတယ်လို့ ပြောပြခဲ့ပါသည်.။တိုင်းပြည်ကို မတရားမှုတွေနဲ့ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေတော့ ကိုယ့်ဘဝ ကို ကြိုသာတွေးထားကြပေတော့ ....ကြိုတင် ပြင်ဆင် ထားကြပေတော့.....မင်းတော့ အလှည့်လာပါပေတော့မည်...



ထွက်ပေါ်လာတဲ့ တဘောင်ကတော့ ( လ ကို ကြယ်ဖောက် ထီးနန်းပျောက် )ဆိုတဲ့ တဘောင်ပါဘဲ..။