18 May 2010

ကျိုက်ထီးရိုးဘုရား မှ အချို့သော တည်းခိုခန်းများ ရဲ့ အကြောင်း အမျိုးသမီးများသိကောင်းစရာ.


ကျွန်မတို့ အလုပ်က ကျိုက်ထီးရီုးဘုရားကို (၁၄.၅.၂၀၁၀) က လိုက်ပို့ပါတယ်..။ကျိုက်ထီးရီုး ဘုရားပေါ်
ကို
(၁၅.၅.၂၀၁၀)နေ့ကရောက်ပါတယ်။ကျွန်မတို့အဖွဲ့မှာလူအယောက်(၆၀)လောက်ပါတယ်။
သုံးထပ်ဆောင်
်တည်ခိုခန်းမှာတည်းပါတယ်.။

ကျွန်မတို့နှစ်တိုင်းလဲသွားနေကျပါ။နှစ်တိုင်းလဲအဲဒီမှာပဲတည်းတာပါ။အဲဒီဟိုတယ်ရဲ့ဘေးပြည့်စုံ
တည်ခိုခန်း
ရှိပါ
တယ်.။ကျွန်မတို့အဖွဲ့ထဲကအမတစ်ယောက်ကရေချိုးခန်းထဲမှာရေချိုးနေတာကို
ဟိုဖက်ခန်းကနေချောင်းကြည့်
ပါတယ်။အမကအော်တော့သူကရေချိုးခန်းထဲကထွက်လာပြီအရေး
မပါတာမကြည့်ပဲနဲ့ဆိုပြီး ' ထွက်သွားပါတယ်။


အမလဲကြောင်ပြီဘာမှမပြောလိုက်ရပါဘူး။သူပုံစံကိုတော့အမသုံးယောက်လောက်မြင်ပါတယ်။ပါးမှာအမာရွှတ်နဲ့ပါ.။အဲဒီညနေမှာပဲနောက်ထပ်အမတစ်ယောက်အိမ်သာသွားနေတာကိုအနောက်က
နေချောင်း
ကြည့်ပါတယ်။အမအော်တော့ထွက်သွားပါတယ်..။

လူတော့မမြင်လိုက်ရပါဘူး။အဲဒါနဲ့ကျွန်မတို့တည်းတဲ့တည်းခိုခန်းကလူကိုခေါ်ပြီပြောပါတယ်.။သူကတော့
သူတို့ဆီကမဟုတ်ပါဘူး..။သူတို့ဆီကလူကိုကြည့်ပါလို့ပြောပါတယ်။ပြောပဲပြောပြီးလာလဲမပြပါဘူး။သူတို့ဆီမှာအမာရွှတ်နဲ့လူမရှိပါဘူး..။အမာရွှတ်ရှိတာကပြည့်စုံတည်းခိုခန်းကလို့ပြောပါတယ်။ခေါ်ပေးပါလို့ ပြောတာကိုသူတို့ဆီကမဟုတ်လို့ခေါ်လို့မရပါဘူးတဲ့ဆိုပြီပြောခဲ့ပါတယ်။

ဂေါပကရုံးမှာရှင်းမယ်စောင့်နေဆိုပြီးပေါ်မလာပါဘူး..။အားလုံးစဉ်းစားကြည့်ပါအုံး..။သူတို့နဲ့မသိဘဲနဲ့ ဘယ်သူကသူတို့ရဲ့တည်းခိုခန်းလာမှာလဲသူတို့နဲ့သိလို့ (သို့) သူတို့ခေါ်လို့လာတာပေါ့..။

ရှေ့မှာဘယ်နှစ်ယောက်လောက်များဒီလိုခံခဲ့ရပြီလဲမသိပါဘူးအဲဒါမျိုးလုပ်နေကျမို့လို့လုပ်ရဲတာပါ။
ဒီလိုတန်ခိုးကြီးဘုရားပေါ်မှာဒီလိုလုပ်တာတော့မကောင်းပါဘူး..။သူတို့လိုလူမျိုးတွေကြောင့်ကောင်းတဲ့
ယောကျာ်းတွေပါနာမည်ပျက်ပါတယ်။

ပွဲတော်နေ့သွားကျရင်အဲဒီတည်းခိုခန်းမှာမတည်းဖို့နဲ့တည်းမိလို့ရှိရင်သတိထားနိုင်အောင်လို့ ရေးလိုက် ရတာပါ။သူငယ်ချင်းတွေကိုလဲဝေပေးဖို့ request လုပ်ပါတယ်..။


ကျေးဇူးတင်ပါတယ်
လမင်းလေး

မေလ်း ထဲ ပေးပို့ လာသော စာအတိုင်း တင်ပြပေးလိုက်ပါသည်.