22 May 2010

မြန်မာပြည်မှာ နေထီးဆောင်း မှုဖြစ်ပေါ် .....



ယခင် သီတင်းပတ် က သောကြာကြယ် နှင့် လ တို့ နီးကပ်မှု ဖြစ်စဉ် ကြောင့် မြန်မာ နိုင်ငံတွင်
အုတ်အော် သောင်း နင်း ဖြစ်ပြီး နောက် ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် ယနေ့ မနက် ၁၁
နာရီ ခန့် က နေထီး ဆောင်းမှု ဖြစ်စဉ် ကို တစ်နာရီ ခန့် တွေ့ မြင်ရသည် ဟု မော်လမြိုင်မြို့ မှ
ဆရာ မ တစ်ဦး က Freedom News Group သို့ ပြောသည်။

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ရှိ လှည်းတန်း ၊ ရန်ကုန် မြို့ လည် နှင့် ကြည့်မြင်တိုင်
စသည့် နေရာ အချို့ တွင် တွေ့ မြင်ရမှု မရှိ ဟု သိရသည်။




မြန်မာ နိုင်ငံတွင် နေထီးဆောင်းခြင်း နှင့် ပတ်သက် ၍ အတိတ် နိမိတ် တဘောင် များစွာရှိ ပြီး
ယနေ့  နေထီးဆောင်း ခြင်း နှင့် ပတ်သက် ၍ အတိတ်၊နိမိတ် ကောက် ယူမှု ဆိုင်ရာ သုတေသီ
ဦး ကျော်မြင့် က နေထီးဆောင်း တယ် ဆိုတာ မြန်မာ ဘုရင် တွေ နန်းကျချိန် တို့ မင်းလောင်ပေါ်
တဲ့ အချိန် တို့ တိုင်းပြည် မှာ အငတ် ဘေး တို့ ဆိုက် တဲ့ အချိန် မှာ ပေါ်တဲ့ နိမိတ် ဟု ပြောကြားသည်။