18 May 2010

ဆောက်လိုက်ရတဲ့ လေယာဉ်ကွင်းတွေထူးထရေးဒင်းရယ် ပြည်သူတွေတကယ်လိုအပ်နေတဲ့သောက်သုံးရေ ရရှိဘို့များ ကူညီထောက်ပံမှုမျိုးတွေလဲလုပ်ပါအုံးလားဦးတေဇရယ်


အပန်းဖြေ အနားယူလိုသူများ အတွက် စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်သည့် ငွေဆောင် ကမ်းခြေမှာ သက်တမ်း (၁ဝ)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ မြောက်ဘက် (၂၉)မိုင် အကွာအဝေးရှိ 'ငွေဆောင်ကမ်းခြေ'သို့ ကားလမ်းခရီးဖြင့် (၆)နာရီမှ (၈)နာရီ အတွင်း လွယ်ကူချောမွေ့စွာ သွားရောက် နိုင်ကြသော်လည်း နောင်အခါ ခရီးသွားပြည်သူများ ပိုမို အဆင်ပြေစေရန် 'ငွေဆောင်လေယာဉ်ကွင်း' ဆောက်လုပ်ရေးကို (၃)နှစ်စီမံကိန်းဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ယခင်က ဟိုတယ်ဇုန်(၂) အတွင်း တည်ဆောက်ရန် စီစဉ်ထားခဲ့ကြပြီး ယခုအခါ ဟိုတယ်ဇုန်နှင့် တစ်မိုင်ခန့် အကွာရှိ 'သဇင်ကျေးရွာ' အနီးတဝိုက်သို့ ပြောင်းရွေ့ တည်ဆောက်ထားသည်ကို တွေ့ရသည်။ အဆိုပါ လေယာဉ်ကွင်း၏ ပြေးလမ်းမှာ အလျားပေ တစ်သောင်းခွဲ၊ အနံပေ(၇၅ဝဝ) ရှိကာ၊ ထူးထရေးဒင်း ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဤသတင်း အားဖတ်လိုက်ရပြီ တော်တော်လေးကို သဘောကျလိုက်မိပါတယ်.။ တဗို့တည်း
ကြည့်နေတဲ့နွားတွေပါလားလို့လေ..။နွားတောင်ခိုင်းနွားတွေပါ...။မြို့ခိုင်းနွား မဟုတ်တဲ့တော
ခိုင်းနွားတွေပါလားလို့ တွေးနေမိလိုက်ပါတယ်..။နွားဆိုတည်းက ဘယ်လာကောင်းနိုင်တော့
မလဲလေ.....။

ပြည်သူတွေကတော့ သောက်သုံးရေ မရရှိလို့ သဒ္ဒါ ကြည်လင် ပါရမီရှင် တွေကတော့ ကိုယ်တိုင် ကိုယ်ကျ
လိုက်လံ ဆောင်ရွက်လုပ်ကိုင် လှူဒါန်းမှု တွေပြုလုပ် နေကြတာပါ.။နွားတေဇတို့ အုပ်စုကတော့ အချောင်
ဘာလုပ်ရမလဲ ဘာကိုယ့်အတွက်ရမလဲ ဆိုပြီ နွားကျင့် နွားကြံ အလုပ်တွေကို လုပ်နေကြတာပါ..။

ရှေးလူကြီးတွေပြောစကားကိုပြန်ကြားမိလိုက်ပါတယ်၊အရှက်ကိုဝယ်ကပ်ရင်ကွာကျမယ်ဆို့တဲ့ စကားလေးပါ၊အဲဒီစကားကနွားတေဇတို့ကိုပြောရမလိုလိုပါဘဲ..။နွားတေဇတို့အုပ်စုအကြောင်း
ကတော့ အဆိုတော် ဒေါ်မာမာအေး ပြောသလိုပေါ့ ပြောစရာတွေ တပုံ တပင်ကြီးပါဘဲရှင်..။

နောက်တခါ နွားတေဇ ရဲ့ (၈၈/၈၉) တုံးကကျမတို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေး
ခရီးစဉ်မှာနွားတေဇရဲ့အရင်ယောက္ခ(ထူးဆန်စက်ပိုင်ရှင်)အိမ်မှာရောက်ခဲ့စဉ်နွားတေဇစစ်ဗိုလ်
မဖြစ်လိုက်ရတဲ့(ဗိုလ်လောင်းဘဝ) ဆောင်းပါးလေး ကိုလဲ မကြာမှီ ပြန်လည် မျှဝေပေးပါအုံးမယ်..။