17 May 2010

နအဖစစ်အုပ်စု လုပ်နေပုံတွေ မေယုသစ်တောကြိုးဝိုင်း ကကျွန်းသစ်တွေလဲကုန်ပါလေရော်လား


မေယုသစ်တောကြိုးဝိုင်းမှ ကျွန်းသစ်များကို ၂၀၀၉ ခုနှစ်မှ စတင်ကာ ထုတ်ယူခဲ့ရာ ကျွန်းသစ်တန်ချိန် ၂၀၀၀ နီးပါး ထုတ်လုပ်ပြီး ဖြစ်ကြောင်း သစ်ထုတ်လုပ်ရေးမှ သတင်းရရှိပါသည်။



လွန်ခဲ့သည့် နှစ်အတွင်းက သစ်တန်ချိန် ၁၂၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ယခုနှစ်အတွင်း ကျွန်းသစ်တန် ချိန် ၉၀၀ ကို ထပ်မံထုတ်ယူခဲ့ခြင်း ဖြစ်သည်။ သစ်ထုတ်ယူရာ၌ ကားလမ်းဝေးယာမှ ကျွန်းပင်များကို ထုတ်ယူမည်မဟုတ်ဘဲ ချန်ထားခဲ့ မည်ဖြစ်ကြောင်းလည်း သိရသည်။



မေယုသစ်တောကြိုးဝိုင်း၌ ကျွန်းပင်များကို ၁၉၆၀ ပြည့်နှစ်ဝန်းကျင်မှ စတင်စိုက်ထူခဲ့ခြင်း ဖြစ်ကြောင်းနှင့် နှစ် ၅၀ နီးပါး သက်တမ်းရှိ ကျွန်းပင်များဖြစ်ကြောင်း သိရှိရပါသည်။ လေးပေပတ်လည် အထက်ကျွန်းပင်များကို စတင်ရွေးချယ်ကာ မြန်မာ့သစ်လုပ်ငန်းမှ တစ်ဆင့် ထုတ်ယူနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မေယုကြိုးဝိုင်းမှ ကျွန်းများကို ပြည်တွင်းကုမ္ပဏီတစ်ခုမှ ပြည်ပတင်ပို့ခွင့် ရထားကြောင်းလည်း သိရှိရပါသည်။ သစ်ထုတ်လုပ်ပြီး မြေနေရာများကို ပုဂ္ဂလိက သစ်မျိုးစုံ စိုက်ခင်း ထူထောင်ရန် ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။weeklyeleven တွင်ော်ပြထားသောသတင်းအားပြန်လည်မျှဝေလိုက်ပါသည်။