20 May 2010

မြန်မာပြည်တွင်စိတ်ဖောက်ပြန်ပြီး သားသမီးအပါအ၀င်လူငါးဦးကိုဓားဖြင့် ခုတ်သတ်ကာမိမိကိုယ်မိမိအဆုံးစီရင်မှုဖြစ်ပွား

၂၀၁၀ မေ ၁၀ရက် ညနေ ၅နာရီ မိနစ် ၄၀ခန့်က ကံမမြို့နယ်၊ သရက်ချောင်း ရွာသစ်ရွာနေ ဦးပု(၄၅)နှစ်၏နေအိမ်တွင် ရောက်ရှိ နေသော ခယ်မတော်သူ ငကုံးရွာ၊ မင်းတုန်းမြို့နယ် နေ မပဆေး(၃၅)နှစ်သည် သမီးမစန်းစန်းအေး (၁၄) နှစ်(ယခင်အိမ်ထောင်နှင့်မွေး)၊ သား ရဲလင်းဦး တစ် နှစ်တို့နှင့်အတူ ဒေါ်တင်ရွှေ(၅၅)နှစ်၏ နေအိမ်သို့ နတ်မေးရန်သွားရောက်ခဲ့ရာ မပဆေးက စိတ်ဖောက် ပြန်ပြီး ၎င်းင်း၏ သမီး၊ သားနှင့် ဒေါ်တင်ရွှေတို့အား အနီးရှိဓားဖြင့်ခုတ်ရာ သုံးဦးစလုံး သေဆုံးသွားခဲ့ သည်။ မပဆေးသည် ဒေါ်တင်ရွှေနေအိမ်မှ ဆလိုင်း တင်ဦး(၃၂)နှစ် နေအိမ်သို့သွားရောက်ပြီး ၎င်းင်းနေ အိမ်မှဓားဖြင့် အိမ်အောက်တွင်ကစားနေသော မငြိမ်း ငြိမ်းအေး(နှစ်)နှစ်နှင့် မနှင်းနှင်းဝေ(ခြောက်)နှစ်တို့ နှစ်ဦးအား ဓားဖြင့်ထပ်မံခုတ်ခဲ့ရာ နှစ်ဦးစလုံး သေ ဆုံးသွားသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကြို့ပင်ရဲစခန်း မှ (ပ) ၁၀/၂၀၁၀ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ် ဆေးခဲ့သည်။



ထိုနေ့ ည ၉နာရီ ၄၅မိနစ်တွင် မပဆေး သည် မိမိဦးခေါင်းအား မိမိကိုယ်တိုင် ကျောက်ခဲဖြင့် ဆက်လက်ထုရိုက်၍ ဒဏ်ရာရရှိသဖြင့် ကံမဆေးရုံ သို့ ပို့ဆောင်စဉ် မေ ၁၁ရက် ည ၀၀း၁၅အချိန်တွင် သေဆုံးသွားခဲ့၍ သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၀)ရေးဖွင့်စစ်ဆေးခဲ့သည်။


ကြို့ပင်စခန်းမှူးနှင့်အဖွဲ့သည် အခင်းဖြစ် ရပ်သို့ သွားရောက်စစ်ဆေးရာ မပဆေးသည် စိတ် ကျန်းမာရေးဆေးရုံတွင် ဆေးကုသဖူးခြင်းမရှိသော် လည်း ရံဖန်ရံခါ စိတ်ဖောက်ပြန်လေ့ရှိသူဖြစ်ကြောင်း စစ်ဆေးသိရသည်။ သေဆုံးသူခြောက်ဦး၏အလောင်း များကို ရဲတပ်ဖွဲ့က ကံမဆေးရုံသို့ ဆေးစာဖြင့်ပို့အပ် ကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းYMG