19 May 2010

ရေကုသိုလ်လှူဒါန်းမှုကို လူပုဂ္ဂိုလ်များပင်မက ဆရာတော် သံဃာတော်များပင် ပါဝင်လှူဒါန်းခဲ့ကြပြီ။














မြန်မာနိုင်ငံတွင် သောက်ရေ သုံးရေ ရှားပါးမှုဒဏ်ကို မြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းကူညီ၊ ပံ့ပိုးဖေးမ၊ လှူဒါန်းမှုများတွင် လူပုဂ္ဂိုလ်များပင်မက ဆရာတော်ကြီးများ၊ သံဃာတော် အသီးသီးတို့မှ ဘုရားသားတော်များ ပီပီ ဗြဟ္မစိုရ်တရား ဦးထိပ်ထားပြီး ဒုက္ခရောက်နေကြသော သောက်ရေ သုံးရေ ရေဘေးဒုက္ခသည်များအား ကိုယ်တိုင် ကွင်းဆင်းပြီး လှူဒါန်းမေတ္တာ ပို့သမှုများ ပြုလုပ်ခဲ့ကြပါသည်။


ထိုသို့ လှူဒါန်းမေတ္တာပို့သမှုများ ပြုလုပ်ခဲ့ကြရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ အား ဗုဒ္ဓ၏ တရားတော်နှင့် အညီ သွန်သင်ဆုံးမ လမ်းညွှန်ပေးခဲ့သော ပြည်မြို့ ရွှေပေါက်ပင်ကျောင်းမှ ဆရာတော်ကြီး သောမာစာရ မှလည်း ပြည်မြို့ ရွှေတောင်မြို့နယ် အနီးပတ်ဝန်းကျင်ရှိ ရေဘေးဒုက္ခသည် များထံ သောက်ရေသန့်များကို တပည့် ဒါယကာအပေါင်းနှင့် (၁၆ - ၅ - ၂၀၁၀) ရက်နေ့တွင် သွားရောက်ပြီး လှူဒါန်းမေတ္တာ ပို့သခဲ့ပါသည်။



ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်။