20 May 2010

နာရေး ကူညီ မှုအသင်း၏ (၁၉ ၅. ၂၀၁၀) နေ့ ရေကုသိုလ် ပြုလုပ်


















နာရေးကူညီမှု အသင်း၏(၁၉.၅.၂၀၁၀) ရေကုသိုလ် အလှူ


နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေအလှူရှင်များ လှူဒါန်းထားသော အလှူငွေဖြင့် ပဲခူးမြို့ ဝေါမြို့နယ် ဘက်ရှိ ရွာများသို့ ၁၉.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ထိုနည်းတူစွာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ရေကယ်ဆယ်ရေးအဖွဲ့ (၂) သည် နံနက်ပိုင်းတွင် ဒလမြို့နယ်၊ တံတားချောင်း ကျေးရွာနှင့် ဆေးဘုန်းကြီးကျောင်းကျေးရွာတို့တွင် လူဦးရေ (၃၀၀၀) ကျော်ခန့်အတွက် ရေများ သွားရောက်ပြီး လှူဒါန်းခဲ့ကြပါသည်။ ယင်းသို့ လှူဒါန်းခဲ့ရာတွင် ဒေသခံ ကလေး၊ လူကြီးနှင့် သံဃာတော်များပါ ပါဝင်ပြီး ၀ိုင်းဝန်း ကူညီပံ့ပိုးမှုများ ရရှိခဲ့ပါသည်။ ထိုဒေသတို့တွင် အ၀ီစိ တူးဖော်ရေး၊ ရေလှောင် အုတ်ကန်တည်ဆောက် ရေးများအတွက် ညှိနှိုင်းဆောင်ရွက် ခဲ့ကြပါသည်။



ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ပါသည်.။