မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်အွီချွန်းကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပတ်အွီချွန်း (Pak Ui Chun) ဟာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့ထိ မြန်မာနိုင်ငံကို အလည်အပတ်ခရီး သွားရောက်မယ်လို့ အာဆီယံ သံတမန် သတင်းရပ်ကွက်က ပြောပါတယ်။ ဒီသတင်းကို မြောက်ကိုရီးယား နိုင်ငံပိုင် ဗဟိုသတင်းဌာနကလည်း ထုတ်ဖော် ရေးသားထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ အာရှ ၄ နိုင်ငံခရီးစဉ်အဖြစ် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို နဲ့ မြန်မာနိုင်ငံတို့ကို သွားမယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတဦး မြန်မာနိုင်ငံကို အခုလို တရားဝင်သွားမဲ့ ကိစ္စဟာ ၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝမ်ကို မြောက်ကိုရီးယား ကွန်မန်ဒိုတွေ လုပ်ကြံ တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ရင်းမြစ်...RFA