






စာတွေ့ လက်တွေ့စစ်ဆေးခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နှင့်အမျှ ပိတ်ရက်မရှိ နာရေးကူညီ ဖေးမမှုများကို လုပ်ဆောင်ပေးနေရာ နိဗ္ဗာန်ယာဉ် မောင်းနှင်သော ယာဉ်မောင်းတို့သည် ရှေ့တန်း တိုက်စစ်မှူးများ ဖြစ်ကြသည်။ ထို့ကြောင့် ရှေ့တန်းမှ အများပြည်သူ (၇) ရက် သားသမီးအပေါင်းတို့အား ဖေးမကူညီမှု တွင် မော်တော်ယာဉ် မောင်းနှင်သော ယာဉ်မောင်းများအနေဖြင့် လိုက်နာရန် စည်းကမ်းချက်တို့သည် အလွန် အရေးကြီးလှသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ယာဉ်မောင်းလျှောက် ထားသူတို့အား ယနေ့ ၂၁.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင်များ၊ မော်တော်ယာဉ်အဖွဲ့ ခေါင်းဆောင်များ၊ ဈာပနပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် အသင်းမန်နေဂျာတို့မှ လူတွေ့ခေါ်ယူ မေးမြန်းခြင်း၊ မော်တော်ယာဉ်လိုင်စင် သက်တမ်းစစ်ဆေးခြင်းတို့အပြင် အသင်းရှိ ၀န်ထမ်းပို့ဆောင်ရေး မော်တော်ယာဉ်၊ နာရေး နိဗ္ဗာန်ယာဉ်တို့အား လက်တွေ့မောင်းနှင်မှု၊ ကားရပ်နားရာတွင် ကျွမ်းကျင်မှုရှိ မရှိတို့ကို လက်တွေ့ စာတွေ့ စစ်ဆေးခဲ့ပါသည်။
ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။
ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။