22 July 2010

သင်္ဘောပေါက်ကွဲမှုကြောင့် ပျောက်ဆုံးမြန်မာသင်္ဘောသားကို ရှာဖွေမှု ရပ်ဆိုင်း

ယခုလ ၁၂ရက်က တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပွား သော Eastern Honesty သင်္ဘော ပေါက် ကွဲမှုကြောင့် ပျောက်ဆုံးခဲ့ရသည့် မြန်မာ သင်္ဘောသားတစ်ဦးအားရှာဖွေမှုကို ဇူလိုင် ၁၅ရက်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် သင်္ဘော သားမှာ ကိုဝေဖြိုးစံအမည်ရှိ အသက်(၂၃) နှစ်ခန့်အရွယ် ကုန်းပတ်သင်္ဘောသားတစ်ဦး ဖြစ်ကြောင်း၊ ယင်းပျောက်ဆုံးသင်္ဘောသား အား အခင်းဖြစ်ပွားခဲ့သည့် ဇူလိုင် ၁၂ရက် မှစ၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပ ဏီမှတာဝန်ရှိသူများက အဆက်မပြတ်ရှာ ဖွေမှုများပြုလုပ်ခဲ့ရာ ရှာဖွေမတွေ့ခဲ့ရသဖြင့် ပျောက်ဆုံးအနေဖြင့်သာ ရှာဖွေမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ရှာဖွေမှုတွေကို ရပ်ဆိုင်းလိုက်ပါပြီ။ ပျောက်ဆုံးတာ ပြန် မတွေ့ဘူးဆိုတော့ အာမခံထားထားတဲ့ P & I က သတ်မှတ်ထားတဲ့ အချိန်တစ်ခု ရောက်ရင် ထိုက်တန်တဲ့လျော်ကြေးပေး အပ်သွားမှာပါ။ အခုပျောက်ဆုံးသင်္ဘော သားရဲ့မိသားစုတွေက မုံရွာမှာ ရှိနေပါတယ်။ အကျိုးအကြောင်းတွေကို အကြောင်းကြား ထားပြီးပါပြီ။ သေဆုံးဆိုတာက အလောင်း ပြန်တွေ့ရင် သတ်မှတ်တာမို့ အခုကလုံးဝ ကို ပြန်မတွေတဲ့အတွက် သုံးလ သို့မဟုတ် တစ်နှစ် စသည်ဖြင့် အချိန်ကာလတစ်ခု သတ်မှတ်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ် ပါတယ်''ဟုအဆိုပါသင်္ဘောပေါ်သို့ မြန်မာ သင်္ဘောသား ၂၂ ဦးအား ပို့ဆောင်ပေးခဲ့ သော Myanmar Ocean Win Services Co.,Ltd မှတာဝန်ရှိသူတစ်ဦးကပြောသည်။

လုံးဝရှာမတွေ့တော့၍ သေဆုံး သူအဖြစ် သတ်မှတ်လိုက်ပါက မိသားစု ထံသို့ မြန်မာနိုင်ငံ SECD အရ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၅၀၀၀ခန့် ပေးအပ် သွားရမည်ဖြစ်ကာ ဒဏ်ရာရသူများကိုလည်း စင်ကာပူနိုင်ငံတွင် ရောဂါအပြီးပြတ်ပျောက် ကင်းသည်အထိ ကုသပေးမည်ဖြစ်သည်။

အဆိုပါEastern Honesty သင်္ဘောမှာ မြန်မာသင်္ဘောသားများသာ ပါဝင်သော သင်္ဘောဖြစ်ကာ ယင်းသင်္ဘော မှာ ဗီယက်နမ်တွင် ကုန်ချပြီးနောက် မလေး ရှားနိုင်ငံ Kuantan ဆိပ်ကမ်းသို့ ကုန်တင် ရန်အသွား ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သင်္ဘောသား ကိုဝေဖြိုးစံပျောက်ဆုံးခဲ့ပြီး သင်္ဘောသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒဏ် ရာရသူနှစ်ဦးမှာ စင်ကာပူရှိ SGH ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

သတင်း ...YGM