04 June 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ (၂၄) နှစ်တာအတွင်း ပထမဦး ဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးနဲ့ပတ်သက်ပြီး ဇွန်လ (၆)ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ် မယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ (၂၄) နှစ်တာအတွင်း ပထမဦး ဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးနဲ့ပတ်သက်ပြီး ဇွန်လ (၆)ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ် မယ်လို့ NLD ရဲ့ ဗဟိုဦးစီးအဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သလို ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းခရိးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမလုပ်ခင် ဇွန်လ (၅) ရက်နေ့မှာ နိုင်ငံရေးပါတီများရဲ့ အရည်အချင်းမြှင့်တင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက် မယ်လို့ သိရပါတယ်။
 
သတင်း.... DVB