09 June 2012

မောင်တော သတင်း နောက်ဆက်တွဲ အခြေအနေ

မောင်တောမြို့နယ် ခရေမြိင် စံပြကျေးရွာရှိ ရဲစခန်းအား ည ၉ နာရီ ခွဲခန့်က ဘင်္ဂါလီ ရိုဟင်ဂျာ အယောက် ၂၀၀ ခန့် ၀ိုင်းထားခဲ့သည့်အတွက် ရဲစခန်းမှ သေနတ်ပြစ်ခတ်ပြီး ဟန့်တားခဲ့ရာ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

 မောင်တောမြို့နယ် စံပြားရပ်ကွက်ကို မီးရှို့မှု ဖြစ်ပွားနေကြောင်း ဒေသခံ တစ်ဦးက ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ပြောပါသည်။ သေနတ် ပစ်ခတ်သံ တစ်ချက် နှစ်ချက် ကြားပြီးနောက် ပြန်လည် ငြိမ်သက်သွားကြောင်းနှင့် မီးတောက်များကို မြင်တွေ့နေရ ဆဲ ဖြစ်ကြောင်း ဒေသခံက ဆက်လက် ပြောကြားခဲ့ပါသည်။ 

 စစ်တွေမြို့ တက္ကသိုလ်အနီး မင်းဂံရွာကို မျက်နှာချင်းဆိုင်ရှိ ဘုမယ်ရွာမှ ဘင်္ဂါလီများက ည ၉ နာရီ ၄၅ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် မင်းဂံရွာသားလေးဦး ဒဏ်ရာ ရှိကာ တစ်ဦးမှာ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိရသည်။ 

 မောင်တောမြို့ပြင်ရှိ ကျေးရွာများကို မီးရှို့ခဲ့သော ဘင်္ဂါလီများက မောင်တော မြို့အတွင်း ၀င်ရောက်ရန် ကြိုးစားနေသဖြင့် ၀င်ရောက်လာမည် ဆိုပါက ပစ်ခတ်တော့မည် ဖြစ်ကြောင်း လုံထိန်းတပ်ဖွဲ့ဝင်များက သတိပေး နေသံများကို ကြားနေရကြောင်း ဒေသခံတစ်ဦးက ည ၁၀နာရီခန့်တွင် ပြောကြားခဲ့ပါသည်။

 မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တော မြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။ 

သတင်း... EMG