05 June 2012

တောင်သူလယ်သမားအရေးဆွေးနွေးပွဲကို မှတ်တမ်း ဗွီဒီယို ရိုက်ကူးတဲ့ ဒါရိုက်တာဝိုင်းရဲ့ ကင်မရာရိုက်ကူးရေး အဖွဲ့ကိုဒေသခံရဲ တွေက လာခေါ်ပြီးစစ်ဆေးခြင်း အသံဖိုင်

ဇွန်လ (၁) ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရေကျန်ကျေးရွာ မှာ ပြုလုပ်တဲ့ တောင်သူလယ်သမားအရေးဆွေးနွေးပွဲကို မှတ်တမ်း ဗွီဒီယို ရိုက်ကူးတဲ့ ဒါရိုက်တာဝိုင်းရဲ့ ကင်မရာရိုက်ကူးရေး အဖွဲ့ကို ဒေသခံရဲ တွေက လာခေါ်ပြီး (၄) နာရီလောက် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေး အပြီးမှာတော့ ရိုက်ထားတဲ့ မှတ်တမ်း ဗွီဒီယိုတွေကို ဖျက်ဆီး လိုက်ပါတယ်။ လူတွေကိုတော့ နောက်နောင် ဒါမျိုး မရိုက်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိ လက်မှတ် ထိုးခိုင်းပြီးပြန်လွှတ်ပေး လိုက်တယ်လို့ သိရပါတယ် ။ အကြောင်းစုံသိရအောင် ဒါရိုက်တာဝိုင်းကို RFA ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။