03 June 2012

၂၀၁၃မှစပြီး ထိုင်းရောက် မြန်မာ လုပ်သား တွေ ထိုင်းနိုင်ငံသား နည်းတူ လစာရမည်

တရားဝင် မှတ်ပုံတင် ထားသည့် မြန်မာ အလုပ်သမားများ၏ တစ်နေ့ လုပ်အားခ ကို ထိုင်းနိုင်ငံသားများ နည်းတူနှင့် ဘတ် ၃၀ ဖြင့် ဆေးကုသခွင့် အခွင့်အရေး များပေးအပ် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ချလုံယူဘမ် ပရုန်း က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်မေလ ၃၁ ရက်ကတွေ့ ဆုံစဉ် ပြောကြား ခဲ့သည်။ 

 ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်လျှက်ရှိသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ ထိုင်နိုင်ငံသား များနည်းတူ လုပ်ခလစာ တစ်နေ့လျှင် ဘတ်၃၀၀ ရရှိရန်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ထားသည့် မြန်မာရွေ့ပြောင်းလုပ်သား ၈သိန်းကျော်ရှိပြီး မှတ်ပုံ မတင်ရသေး သည့် လုပ်သား ၁ သန်းကျော်ရှိကြောင်း အများစု၏ အခြေခံလုပ်ခလစာမှာ တစ်နေ့ ဘတ် ၆၀ မှ ၁၅၀ ကြားဖြစ်ကြောင်း သိရသည်။

သတင်း...  Popular News