03 June 2012

ဦးသိန်စိန် ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း

သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၄ရက်နေ့၌ ထိုင်းနိုင်သို့ သွားရောက်မည်ဟု စီစဉ်ထားသော်လည်း ယင်းသို့သွားရောက်မည့် အစီအစဉ် အား ပယ်ဖျက်လိုက်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ 

 "ဒီလိုမျိုး သွားမည်ဆိုပြီး မသွားဖြစ်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက တိကျတဲ့သတင်း ထုတ်ပြန်တာမျိုးတွေ အကြောင်းပြန်တာမျိုးတွေ မရှိဘူး။ ပြီးခဲ့တဲ့ လကလည်း ကမ္ဘာ့စီးပွားရေးညီလာခံကို ကိုယ်တိုင်သွားမယ်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ဘူးလို့ ပြန်ပြီး သတင်း ထုတ်ပြန်ခဲ့ပါတယ်"ဟု ပြည်ပသတင်းမီဒီယာတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ထို့ပြင် ၎င်းသည် ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးညီလာခံ (World Economic Forum) သို့ ကိုယ်တိုင်တက်ရောက်မည် ဟု ယခင်က သတင်းထုတ်ပြန်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ၎င်းကိုယ်စား စွမ်းအင် ဝန်ကြီး ဦးသန်းဌေးအား စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ 

သတင်း... yangonchronicle