03 November 2010

နအဖ ရဲ့ရွေးကောက်ပွဲ မှာ ကြံ့ဖွတ် ပါတီ က လာဒ်ပေးစည်းရုံး မှုပြုလုပ်နေသောပါတီတစ်ခုဟု စည်းကမ်းဘောင်ထဲကလုပ်ကိုင်နေတဲ့ တစည ပါတီ ကပြောကြား

ရွေးကောက်ပွဲ ပြုလုပ်ဖို့ ရက်ပိုင်းလောက်ပဲ လိုတော့ချိန်မှာ နိုင်ငံရေး ပါတီတွေရဲ့ မဲဆွယ် စည်းရုံးခွင့် တွေကို ဒေသ ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် တွေက လိုက်ပြီး ကန့်သတ် နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေ ပေမဲ့ ပြည်ထောင်စု ကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ထိပ်တန်း ခေါင်းဆောင် တွေ ကတော့ အကြီး အကျယ် ဆက်ပြီး မဲဆွယ်နေ ကြပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေက သူတို့ ရွေးကောက်ပွဲ ဝင်ကြမယ့် နေပြည်တော်မှာ ငွေအင်အား လူအင်အားနဲ့ မဲဆွယ် စည်းရုံး နေလို့ သူတို့နဲ့ယှဉ်ပြိုင်မယ့် ပါတီတွေ အခက် အခဲ ရှိနေတယ်လို့ သူတို့နဲ့ အဓိက ပြိုင်ဖက် တိုင်း ရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)က ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးးရေး ပါတီက တော့ ရာထူး အရှိန် အဝါနဲ့ ငွေအင်အား တွေကို သုံးပြီး မဲဆွယ် နေတာ ကြောင့် စည်းကမ်း ဘောင်ထဲက လုပ် ကိုင် နေတဲ့ သူတို့ တစည ပါတီ အနေနဲ့ အတော် ကြိုးစား လုပ်ဆောင် နေရ တယ်လို့ လယ်ဝေး မြို့နယ် အမျိုးသား လွှတ်တော် ကနေ ဝင်ရောက် အရွေးခံမယ့် အသက် ၇၃ နှစ် အရွယ် ဦးစိုးတင့်မောင် က ဘီဘီစီကို ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးတာ၊ တယ်လီဖုန်း တို့ ဆိုင်ကယ်တို့ ထုတ်ပေးတာ အပြင် ငွေကြေး ထုတ်ပေး တာတွေလုပ်ပြီး စည်းရုံး နေတာ လူအများ သိတယ်လို့ လည်း ဦးစိုးတင့်မောင်က ပြောပါတယ်။

သူတို့ အနေနဲ့ကတော့ ဝန်ထမ်းတွေ ကြားနဲ့ မြို့ပေါ် ရပ်ကွက်တွေ ကြားထဲ ဝင်ရောက် စည်းရုံးရေး မလုပ်နိုင်လို့ ကျေးလက်ကို အဓိက ထား စည်းရုံး နေရတယ် ကျေးလက် ဒေသမှာ သူတို့ကို ထောက်ခံ သူတွေ များပြီး၊ အင်အား များတယ် လို့လည်း သူက ဆက် ပြောပါတယ်။

သတင်း..ဘီဘီစီ