04 November 2010

မန္တလေးမြို့တွင် အင်တာနက်ဆိုင်များ ခေတ္တပိတ်ထား

မန္တလေးမြို့တွင် အင်တာနက်လိုင်းများ ဆက်သွယ်မှု ပြတ်တောက်ခြင်းကြောင့် အင်တာနက်ဆိုင်အချို့ ခေတ္တပိတ်ထားရကြောင်း သတင်းရရှိသည်။ “လိုင်းတွေက သီတင်းကျွတ်လပြည့်နေ့ မတိုင်မီ အဖိတ်နေ့ ကတည်းက ကျနေတာပါ။ လပြည့်နေ့ကျတော့ မရတော့တာ။ အခုချိန်ထိပဲ။ ဆိုင်တွေတော်တော်များများ ပိတ်ထားကြတယ်”ဟု အင်တာနက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုံးသုံးစာများကိုလည်း အီးမေးလ် ပို့မရသောကြောင့် အမြန်ချောပို့လုပ်ငန်းများ၊ ကားဂိတ်များ၊ ဖက်စ်ပို့ခြင်းများဖြင့် ပေးပို့နေရကြောင်း ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောသည်။ “လိုင်းတွေကျနေတော့ ဆိုင်ရဲဝင်ငွေကို တော်တော်ထိခိုက်ပါတယ်။ ပြီးတော့ ဆိုင်ခန်းက ငှားခတွေ၊ ၀န်ထမ်းစရိတ်တွေကလည်း ရှိနေတော့ ဒုက္ခရောက်တာပေါ့”ဟု မန္တလေးတက္ကသိုလ် အနီးရှိ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ မန္တလေးမြို့တွင် အင်တာနက်ဆိုင်ပေါင်း ၁၃၀ ၀န်းကျင်ခန့်ရှိပြီး မန္တလေးတက္ကသိုလ်အနီးနှင့် ၇၃ လမ်းမ တစ်လျှောက်တွင် အများဆုံး ဖွင့်လှစ်ထားကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။