06 November 2010

မြန်မာနိုင်တော်အလံအား မီးရှို့ဖျတ်ဆီးသူ ရုတ်တရက်ကွယ်လွန်


ဦးဖရန်စစ် မုန်လျန်းပေါင် (၄၇)နှစ် အကြီးတန်းစာရေး ချင်းပြည်နယ် တွန်းဇံမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ( ၂၁ )အောက်တိုဘာ ၂၀၁၀ခုနှစ် ညနေ၃ နာရီ ခန့်တွင် ပြုလုပ်သော နိုင်ငံတော်အလံ အသစ်တင် အခမ်းအနားတွင် ပါဝင်၍ အထက် အမိန့်အရ နိုင်ငံတော် အလံဟောင်အား တိုင်ပေါ်မှချခြင်းနှင့်မီးရှို့ဖျက်ဆီးခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ( ၂၁ )နေ့ညသန်ခေါင်တွင် ၄င်း၏နေအိမ်တွင် ရုတ်တရက်ကွယ်လွန်သွားပါသည်။

ဦးဖရန်စစ် မုန်လျန်းပေါင် သည် ဇနီးသည်နှင့်အတူ ရန်ကုန်သို့ဆေးဝါးကုသရာမှ ကျန်းမာ စွာဖြင့်အောက်တိုဘာလဆန်းတွင် တွန်းဇံမြို့သို့ပြန်ရောက်လာပါသည်။ဦးဖရန်စစ် မုန်လျန်းပေါင် သည် ဘာသာရေးကိုင်းရှိုင်း၍ အကျင့်စာရိတ္တကောင်းသူ၊ အလုပ်တာဝန်ဝတ္တရာများကြေပွန်သူ ဖြစ်သောကြောင့် ၎င်း၏ ရုတ်တရက် ကွယ်လွန်မှုနှင့်ပတ်သတ်၍ ကြားသိသူ အားလုံး အထိတ်တလန့်ဖြစ်နေကြပါသည်။ ဇနီးနှင့်သား( ၃ )ယောက်သမီး( ၂ )ယောက် ကျန်ရစ်ခဲ့ သည်ဟု သိရှိရပါသည်။