31 October 2010

မြန်မာပြည်တွင်းက နိုင်ငံခြားသတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းထောက်တွေကတော့နအဖရဲ့ ရွေးကောက်ပွဲအမှီအင်တာနက်အမြန်ပြန်ကောင်းမွန်လာဘို့မျှော်လင့်

ကိုအံ့ဘုန်းမြတ်ရေ့ ရွေးကောက်ပွဲလုပ်ဖို့က ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနေတွနဲ့ ပြည်တွင်းဂျာနယ်တွေက အယ်ဒီ တာတွေကို ရွေးကောက်ပွဲရက် မြန်မာတနိုင်ငံလုံးကို လှည့်လည်သတင်းယူဖို့ ခွင့်ပြု စီစဉ်နေတယ်လို့ သိရပါတယ်ဗျ။ အဲ့ဒီအခြေအနေ အသေးစိတ် သိချင်ပါတယ်ဗျ။

“ဟုတ်ကဲ့ ကိုသန်းဝင်းထွဋ့့်။ ရန်ကုန် အခြေစိုက် နိုင်ငံခြားသတင်းဌာန တွေ ဖြစ်တဲ့ အေပီ၊ အေဖက်ဖ်ပီ၊ ရိုက်တာစတဲ့နိုင်ငံခြားသတင်းဌာနေတွက သတင်း ထောက်တွေ၊ နောက် သတင်းဂျာနယ်တွေက အယ်ဒီတောတွ သတင်းသမားတွေကို မြန်မာတနိုင်ငံလုံး အနှံ့ရွေးကောက်ပွဲ သတင်းရယူဖို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွေက ခွင့်ပြုပြီး ဦးဆောင် စီစဉ်နေတာ ပါဗျ။

“မြန်မာပြည်အနှံ့ဒေသ ၁၈ နေရာကို သံတမန်တွေနဲ့ သွားရမှာဖြစ်ပြီးတော့ အဲဒီ ၁၈ နေရာထဲက ကြိုက်တဲ့နေရာ ကိုရွေးပြီး လိုက်သွားရမှာ ဖြစ်ပါတယ်။ ခရီးစဉ် ကိုတော့ လာမယ့် နိုဝင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေတွေ့မှာ ထွက်ခွာကြရမှာ ဖြစ်ပြီး တော့ ရွေးကောက်ပွဲပြီး နောက်တနေ့ ၈ ရက်နေ့မှ ရန်ကုန်ကို ပြန်လည် ရောက်ရှိ ကြမှာ ဖြစ်ပါတယ်။ ဒီဒေသ ၁၈ ထဲမှာဆိုရင်ေတာ့ ရန်ကုန်နဲ့ အနီးဆုံးဖြစ်တဲ့ ပဲခူး၊ နောက် နအဖစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ နောက် မြန်မာပြည်အထက်ပိုင်း မြစ်ကြီးနား၊ ရှမ်းပြည်နယ်ထဲက တောင်ကြီးစတဲ့မြို့ တွေနဲ့ ချင်းပြည်ထဲကကိုပါ သွား ရောက် သတင်းယူကြရမှာ ဖြစ်ပါတယ်ဗျ။ “

ခရီးစဉ်အားလုံးကို ကိုယ့်စရိတ်နဲ့ကိုယ် လိုက်ပါ သတင်းယူကြရမှာ ဖြစ်ပြီး တော့ လေယာဉ်ခရီးနဲ့ကားခရီးစဉ် နှစ်ခုထဲက ကြိုက်တာနဲ့ သွားလာနိုင်ပြီးတော့ သတင်းယူဖို့ အဖွဲ့ ၁၈ ဖွဲ့ ခွဲထားတယ်လို့ သိရပါတယ်။ ကုန်ကျစားရိတ်ေတွ ဘယ် လောက် ရှိမယ် ဆိုတာကိုတော့ အသေစိတ် မသိရေသးပါဘူးဗျ။”

(၂)ကိုအံ့ဘုန်းမြတ်ရေ…။ ဆိုတော့ ရွေးကောက်ပွဲပြီး နောက်တနေ့မှ ပြန်ရောက်မယ် ဆိုတော့ သတင်းသမားတွေအတွက် သတင်းယူဖို့ အခြေအနေတွေက ဘယ်လိုတွေ များ ရှိမလဲဗျ။

“ဟုတ်ကဲ့ဗျ။ သတင်းသမားအများစုကတော့ အစိုးရစီစဉ်ပေးတဲ့ ခရီးစဉ် တွေ အတိုင်းပဲ လိုက်ပါရမှာ ဖြစ်တဲ့အတွက် အစိုးရက ကြိုတင်စီစဉ်ထားတာတွေ၊ အစိုးရက ပြသတာတွေပဲ မြင်ရမှာဖြစ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ သွား ရောက် သတင်းယူလိုကြတယ်လို့သတင်းဂျာနယ် အယ်ဒီတာတချို့ က ပြောပါ တယ်ဗျ။

“ဒီသတင်းယူရမယ့် ခရီးစဉ်အတွင်းမှာ နိုင်ငံခြားသတင်းထောက်အများစု ကတော့ အခက်တွေ့နေကြပြီး လူခွဲမရှိကြတဲ့အတွက် ဘယ်ဒေသမှာ သတင်းယူရ မယ်ဆိုတာ ဝေခွဲမရဖြစ်နေကြတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မိခင်ဌာနေတွ နဲ့ ဆက်သွယ်ပြီး တာဝန်ချပေးတာကိုပဲ စောင့်နေကြတယ်လို့ နိုင်ငံခြား သတင်း ထောက်တဦးက ပြောပါတယ်ဗျ။ “

အထူးသဖြင့်ကတော့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိအခြေအနေအရ အင် တာနက်ဆက်သွယ်ရေး လမ်းကြောင်းတွေကောင်းမွန်ခြင်းမရှိသေးတာ။ နယ်မြို့တွေ မှာ အင်တာနက် အသုံးပြုနိုင်ဖို့ အခက်အခဲတွေ ရှိနေသေးတာ ဒီအခြေအနေတွေ ကြောင့် လိုက်ပါလိုခြင်း မရှိကြဘူးလို့ နိုင်ငံခြားသတင်းထောက်တချို့Œက ပြောပါ တယ်။”

(၃)ဆိုတော့ ကိုအံ့ဘုန်းမြတ်ရေ…။ အခုက အင်တာနက်လိုင်း ကောင်းမွန်ရေးက အ ဓိက ဖြစ်နေတော့ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အင်တာနက်လိုင်းတွေလည်း ပြတ် တောက် နှေးကွေးနေတယ်ဆေိုတာ့ ရွေးကောက်ပွဲ ရက်တွေမှာရော ပြန်ကောင်း လာနိုင်ဖွယ် ရှိရဲ့လားဗျ။ “

နိုင်ငံခြားသတင်းထောက်ေတွေရာ။ မြန်မာပြည်ထဲက နယ်အနှံ့က သတင်း ဂျာနယ်တွေရဲ့ နယ်ခံသတင်းထောက်တွေကပါ အင်တာနက် ပြန်လည် ကောင်းမွန် လာဖို့ကို မျှော်လင့်နေကြပါတယ်ဗျ။ “

ရွေးကောက်ပွဲနေ့အထိသာ အင်တာနက်တွေ ပုံမှန်ပြန်လည်ကောင်းမွန် လာခြင်းမရှိဘူးဆိုရင်ကတော့ သတင်းတွေကို အချိန်မှီ ဘယ်လိုမှပေးပို့နိုင်မှာ မဟုတ် ဘူးလို့လည်း ၀ါရင့်အယ်ဒီတာတွေက သုံးသပ်ပြောဆိုကြတာ တွေရှိပါတယ်ဗျ။ ဒါ ကြောင့် အစိုးရအနေနဲ့ အင်တာနက်လိုင်းတွေကိုအ မြန်ဆုံးကောင်းမွန်အောင် လုပ် ပေးဖို့ကိုလည်း တောင်းဆို ထားကြပါတယ်ဗျ။ “

တကယ်လို့သာ ကောင်းမွန်အောင် လုပ်ဆောင်ပေးတာမျိုး မရှိဘူးဆိုရင် တော့ ဒေသအနှံ့က ရွေးကောက်ပွဲဥပေဒချိုးဖောက်မှုတွေ အင်အားကြီး ကြံ့ခိုင်ရေးပါ တီရဲ့ Œ အဓမ္မ မဲရယူမှုတွေကို မဖော်ထုတ်နိုင်၊ မပြောဆိုနိုင်အောင် စီစဉ်လုပ်ဆောင် တာ ဖြစ်မယ်လို့လည်း မြန်မာသတင်းဂျာနယ် အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုတာ မျိုးတွေ လည်း ရှိနေပါတယ်ဗျ။”

(၄) ပါတီတွေရဲ့ ရွေးကောက်ပွဲအကြိုကာလ နောက်ဆုံး မဲဆွယ်စည်းရုံးရေးတွေမှာ ရော ဘာတွေများ ထူးခြားတာတွေ ရှိဦးမလဲဗျ။ “

ပါတီရဲ့  မဲဆွယ်စည်းရုံးရေး အခြေအနေကတော့ဗျာ။ ကိုယ်စားလှယ် လောင်း လက်ကမ်းစောစာင် ဝေတာ၊ မဲဆွယ်စည်းရုံးရေး၊ မဲအောင်နိုင်ရေး လှည့် လည် ဟောပြောတာမျိုးတွေကိုပဲ အဓိက လုပ်ဆောင်နေကြပါတယ်။”

ရင်းမြစ်..DVB