04 November 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ကိုအေးသွင်ကို တနာရီကျော်ကြာ ဖမ်းဆီးပြီးပြန်လွှတ်

မြန်မာစစ်အစိုးရ အာဏာပိုင်များဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ကိုအေးသွင်ကို ၂၀၁၀ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖမ်းဆီးသွားပါတယ်။ ထိုသို့ ဖမ်းဆီးသွားရာမှာ ဆွေးနွေးစရာရှိလို့ဆိုပြီး ပြောဆိုသွားကာ ဒစ်ဂျစ်တယ် ကင်မရာနဲ့ မဲ မပေးရေးလက်ကမ်းစာရွက်များကိုပါ သိမ်းဆည်းသွားပါတယ်။

မြန်မာအာဏာပိုင်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ကိုအေးသွင်ကို တနာရီကျော်ကြာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးလိုက်ပါတယ်။ ရဲသတင်းတပ်ဖွဲ့က အရာရှိများဟာ ကိုအေးသွင်ကို ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) အမှတ် ၇၁ ရပ်ကွက်မှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီခန့်က ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ ဖမ်းဆီးပြီးနောက် အမှတ် ၇၁ ရပ်ကွက် အာဏာပိုင်ရုံးသို့ ခေါ်ဆောင်သွားကာ မေးမြန်းမှုများ ပြုလုပ်ပြီး လှုပ်ရှားမှုများ မပြုလုပ်ပါဆိုတဲ့ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းကြောင်း၊ ကိုအေးသွင်က လက်မှတ်ရေးထိုးဖို့ ငြင်းဆန်တဲ့အခါ သူ့ရဲ့ ဒစ်ဂျစ်တယ်ကင်မရာနဲ့ အသုံးပြုထားတဲ့ တယ်လီဖုန်းကဒ်တို့ကို သိမ်းဆည်းခဲ့ကြောင်း၊ တနာရီကျော် ဖမ်းဆီးပြီးတဲ့နောက် မနက် ၁၁ နာရီကျော်မှာ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။