04 November 2010

ပြည်သူက အယုံအကြည်မရှိ အလိုမရှိတဲ့ နအဖလက်ပါးစေ ကြံ့ဖွတ်ပါတီကိုယ်စားလှယ်လောင်းများ မဲဆွယ်ကြော်ငြာဆိုင်းဘုတ်များအား မီးရှို့ဆန္ဒပြကြပြီ။


တိုင်းပြည်အား လိမ်လည်လှည့်ဖြားနေသော ယူနီဖောင်းချွတ် နအဖဗိုလ်ချူပ်များ ဦးဆောင်နေသည့် ကြံဖွတ်ပါတီအား ဆန့် ကျင်ကန့် ကွက်သည့်အနေဖြင့် မြောက်ဒဂုံမြို့ နယ်နှင့် လှိုင်သာယာမြို့ နယ်တို့ တွင် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွတ်ကိုယ်စားလှယ်အမတ်လောင်းများ၏ ဆိုင်းဘုတ်များအား မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြကြောင်း သိရှိရပါသည်။

နအဖတို့ ၏ အာဏာသက်တမ်းရှည်စေရေးအတွက် ပုံသွင်းဆောင်ရွက်နေသော ရွေးကောက်ပွဲအား ၄င်းတို့ ၏ ကြံ့ဖွတ်ပါတီအနိုင်ရရှိစေရန်အတွက် အမျိုးမျိုးသော လိမ်လှည်လှည့်ဖြားမှုများဖြင့် ကြံ့ဖွတ်ပါတီ အမတ် နအဖလက်ပါးစေများသည် တစ်ဘက်သတ် လုပ်ပိုင်ခွင့် အခွင့်အရေးများ လက်ကိုင်ထားပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေရာတွင် နေရာအသီးသီးတွင် ကြံ့ဖွတ်ပါတီဆိုင်းဘုတ်များ ကြံ့ဖွတ်ကိုယ်စားလှယ်အမတ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုဆိုင်းဘုတ်များအား ပြည်သူလူထု အမြင်ကပ်ဖွယ် ဖေါ်ပြထားကြသည်ကို တွေ့ ရှိရသောကြောင့် အဆိုပါ နအဖလက်ပါးစေ ကြံ့ဖွတ်ပါတီကိုယ်စားလှယ်ဆိုင်းဘုတ်များအား မနေ့  နံနက် (၅) နာရီအချိန်က ပြည်သူများမှ မီးရှို့ ဖျက်ဆီးလိုက်ကြပါသည်။

မီးရှို့ ဖျက်ဆီးခံရသော ကြံ့ဖွတ်ကိုယ်စားလှယ်အမတ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များမှာ မြောက်ဒဂုံမြို့ နယ် ၇၊ ၈ လမ်းဆုံရှိ ကြော်ငြာဆိုင်းဘုတ်နှစ်ခုနှင့် လှိုင်သာယာမြို့ နယ်ရှိ စက်မှုဇုံ အထည်ချူပ်စက်ရုံအနီးရှိ ဆိုင်းဘုတ်နှစ်ခုတို့ဖြစ်ကြောင်းနှင့် ဤကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ရခြင်းမှာ ရဟန်းရှင်လူ ပြည်သူလူထုကို ညဉ်းပမ်းနှိပ်စက်သတ်ဖြတ်ကာ အနိုင်ကျင့်စော်ကားနေကြသော လူရမ်းကား အာဏာရူးများနှင့် လက်ပါးစေများမှ ရွေးကောက်ပွဲမဲဆွယ်ရာတွင် မုသားစကားအများအပြားဖြင့် လိမ်ညာပြောဆိုနေကြသောကြောင့် အဆိုပါ ကြံ့ဖွတ်ပါတီအား အယုံအကြည်မရှိ ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့်သာမက နအဖနှင့် ကြံ့ဖွတ်ကိုယ်စားလှာ်အမတ်လောင်းများအား အခြားသော နအဖအလိုကျဆောင်ရွက်နေသူများအား သတိပေးသည့်အနေဖြင့် လုပ်ဆောင်ပြသလိုက်ခြင်း ဖြစ်ပါသည်။ ထို့ အတူ အဓမ္မ၀ါဒီ နအဖတို့ ကျင်းပသည့် ရွေးကောက်ပွဲသည် ၄င်းတို့  အာဏာသက်ဆိုးရှည်စေရေးမှတစ်ပါး စစ်မှန်သော ရွေးကောက်ပွဲ မဟုတ်ကြောင်းကိုလည်း သိသာစေရန် မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။