08 December 2011

ကြားဖြတ်ရွေးကောက်ပွဲ၌ NLD မှ လူငယ်နှင့် တိုင်းရင်းသားများသာ အဓိကယှဉ်ပြိုင်မည်


လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ လူငယ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်းများသာ အဓိကထား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများအတိုင်း လွှတ်တော်နိုင်ငံရေးကဏ္ဍတွင် အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲ၌ လူငယ်နှင့် တိုင်းရင်းသားများကိုသာ အဓိကထား ဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအစည်းအဝေးခေါ်ယူကာ ပါတီမှတ်ပုံတင်ရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း သိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီ၏ အထွေအထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နှစ်ပေါင်း ၂၀ ကျော်အသုံးပြုလာသည့် ခမောက်တံဆိပ်အစား ခွပ်ဒေါင်း တံဆိပ်ကို ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း....Y C