09 December 2011

ကော့မှူး၌ ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည် မသေချာဟုဆိုပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ကြားဖြတ်ရွေးကောက် ပွဲ၌ ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့် သတင်းမှာ သေချာမှုမရှိသေးကြောင်း NLD ပါတီ ဗပိာုကော်မတီဝင် ဦးအုန်းကြိုင်မှ ပြောကြားခဲ့သည်။

ဒ်ါအောင်ဆန်းစုကြည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိစ္စရပ်နှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ဆုံးဖြတ်ရခြင်း မရှိ သေးသည့်အတွက် အတိအကျမပြောနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီရက်ပိုင်းအတွင်းက NLD ပါတီ၏ အထွေအထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ပာု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သော်လည်း ၎င်းသတင်းမှာ သေချာမှု မရှိသေးကြောင်း ဦးအုန်းကြိုင်မှ ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ ဦးအုန်းကြိုင်မှပင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးရှိ လစ်လပ်မဲဆန္ဒနယ်တွင်ပင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို အတပ်မပြောနိုင်သေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

NLD ပါတီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီး၎င်းဗပိာု အောင်နိုင်ရေး တာဝန်ခံအဖြစ် ဦးတင်ဦးက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့၌ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင်ရှိသော NLD ပါတီ ဗပိာု အလုပ်အမှုဆောင်များကို ခေါ်ယူ၍ အစည်းအဝေးကျင်းပခဲ့ပြီး ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဗပာိုအလုပ်အမှုဆောင်များမှ တညီ တညွှတ်တည်း ဆုံးဖြတ်ချက်ချခဲ့သည်။

သတင်း...Transparency Myanmar

ဓာတ်ပုံ.......Bagan Minmin Oo (Ko Oo)