06 December 2011

တရုတ်-မြန်မာ နှစ်နိုင်ငံ တပ်မတော်ပူးပေါင်းဆောင်ရွက်မည်

အစိုးရသစ်လက်ထက်မှ စတင်၍ တရုတ်-မြန်မာ ကာကွယ်ရေးတပ်မတော် ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guang Xi Zhang ပြည်နယ် Nanning မြို့ သို့သွားရောက်ပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံကာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် နှစ်နိုင်ငံ တပ်တော် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက်၍ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံနှင့် ရေပိုင်နက်ပြဿနာအငြင်းပွားမှုဖြစ်ပွားလျက်ရှိသော ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ဗီယက်နမ်နိုင်ငံရှိ စစ်တကောင်း တပ်မမှူးနှင့် တွေ့ဆုံ၍ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guang Xi Zhang ပြည်နယ် Nanning မြို့မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်း..The Voice