06 December 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗဟိုအောင်နိုင်ရေးအဖွဲ့ကို အဖွဲ့ဝင် ၂၁ ဦးဖြင့် စတင် ဖွဲ့စည်း

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရန်အတွက် ၁၈.၁၁. ၂၀၁၁ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုဦးစီးအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗဟိုအောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ အဖွဲ့တွင် ဦးတင်ဦး(တာဝန်ခံ)၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွှန့်ဝေ၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးစိုးဝင်း၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ကိုမျိုးညွှန့်၊ မဖြူဖြူသင်း၊ ကိုသိန်းဆွေ၊ ဒေါ်ခင်စောမူ၊ ဦးစောတင်ဝင်း တို့ ပါဝင်ကြောင်း အန်အယ်ဒီ အစည်းဝေးဆုံးဖြတ်ချက်အရ သိရှိရပါသည်။

ထို့ပြင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အခြေအနေအရ လိုအပ်သော ကော်မတီများကိုလည်း ဗဟိုအောင်နိုင်ရေး အဖွဲ့က ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သတင်း ပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေရေးကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးကော်မတီ၊ မဲဆွယ်ဟောပြောရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဥပဒေရေးရာ ကော်မတီတို့ကိုလည်း ဗဟိုအောင်နိုင်ရေးအဖွဲ့က လိုအပ်ပါက ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သတင်း ပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေရေးကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးကော်မတီ၊ မဲဆွယ်ဟောပြောရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဥပဒေရေး၇ာ ကော်မတီတို့ကိုလည်း ဆက်လက်ဖွဲ့စည်းရန် အစီစဉ်ရှိကြောင်း သိရှိရပါသည်။

ရွေးကောက်ပွဲ ကျင်းပမည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်များရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးထောက်ခံကြသော ပြည်သူတို့၏ ယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လူမျိုးများ။

အမျိုးသမီးများနှင့် လူငယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လယ်သမား၊ အလုပ်သမားများ၊ ကုန်သည်စီးပွားပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖနှင့် ရပ်မိရပ်ဖများအနေဖြင့် အဖွဲ့ချုပ်၏ အောင်နိုင်ရေးကော်မတီများတွင် ပါဝင်သင့်သူများနှင့် ပတ်သက်ပြီး ဗဟိုအောင်နိုင်ရေးကော်မတီသို့ အကြံဥာဏ်များ ပေးဖို့နိုင်ကြောင်း သိရှိရပါသည်။

သတင်းများပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။