10 December 2011

၁၉၈၈ ခုနှစ်က စာမူအား လက်ဝယ် ထားရှိသူ ဆက်သွယ် နိုင်ကြောင်း ကြေညာ

၁၉၈၈ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလ အတွင်းက ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင် တစ်စောင်အား မှတ်တမ်းအဖြစ် ထားရှိနိုင်ရန် အခကြေးငွေ ချီးမြှင့်၍ ဝယ်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ရုံး၏ ကြော်ငြာချက်အမှတ် ၁/ ၂၀၁၁ တွင် ဖော်ပြထားသည်။

အဆိုပါ လက်ကမ်းစာစောင်မှာ ဆရာဝန်တစ်ဦး ကလောင် အမည်ဖြင့်ရေးသားသည့် မီးဟုန်းဟုန်းတောက်တော့မည့် မြန်မာ ပြည်စာမူ ဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် ဖြန့်ဝေခဲ့ ကြောင်း၊ ယင်းစာစောင်ကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိ နိုင်ရန် လက်ကမ်း စာစောင်မိတ္တူ လက်ဝယ်ရှိသူများ အနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံးသို့ ဆက်သွယ်ပေးပို့ပါက ထိုက် တန်သော စာမူခ ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရန် လိပ်စာမှာ ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူး ဖုန်း-ဝ၆၇-၄၀၉၀၅၉၊ ဝ၆၇-၄၂၁၂၇၃၊ ဖက်စ် ဝ၆၇-၄၀၉၁၇၅ ဖြစ်ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

ဗီးနပ်စ်သတင်းဂျာနယ်