10 December 2011

နာရေးကူညီမှုအသင်း(၁၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူငယ်များ၊စာရေးဆရာများနှင့် ပူးပေါင်းကာ ပထမဆုံးအကြိမ် အမှတ်တရအခမ်းအနားတစ်ခုအဖြစ်ပြ


၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ကျရောက်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၁နှစ်ပြည့် အထိမ်း အမှတ်အနေဖြင့် မျိုးဆက်သစ်ဂျာနယ် ၊ စာရေးဆရာ ၊ ဆရာမများနှင့် လူငယ်များနှင့် လက်တွဲပူးပေါင်းကာ ပထမဆုံးအကြိမ် အမှတ်တရအခမ်းအနားတစ်ခုအဖြစ် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း နာရေးကူညီမှု အသင်း (ရန်ကုန်)မှ စုံစမ်း သိရှိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၁၁နှစ်မြောက်နေ့တွင် အခမ်းအနားကို မနက်ကိုးနာရီမှစတင်ကာ နာရေးဆယ့် တစ်ကြိမ်မြောက်အချိန်တွင် နာရေးဖြစ်ပွားသည့် အဆိုပါအိမ်သို့ လူငယ်များနှင့် စာရေးဆရာ၊ ဆရာမများနှင့် စုပေါင်းကာအလောင်း သယ်ဆောင်ပေးပြီး မီးသဂြိုလ်ပေးရန်အစီအစဉ်ရှိကြောင်း သိရသည်။

“နာရေးကူညီမှုအသင်း(ရန်ကုန်)၁၁နှစ်မြောက်နေ့မှာ သံဃာတွေ သြ၀ါဒဆုရ ဆရာတော်ကြီးတွေကို အာရုဏ် ဆွမ်းကပ်မယ်၊ နောက်မျိုးဆက်သစ်ဂျာနယ် ၊ စာရေးဆရာ၊ ဆရာမတွေ လူတွေငယ်နဲ့ ပူးပေါင်းပြီးတော့ နာရေး ကူညီမှုအသင်း(ရန်ကုန်)ကနေပြီးတော့ ကုသိုလ်ကောင်းမှုတစ်ခု လုပ်ပေးမယ်”ဟု နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ပြောသည်။

မျိုးဆက်သစ်လူငယ်များ ၊ စာရေးဆရာ ၊ဆရာမများနှင့်အတူ လက်တွဲကာ အခမ်းအနားကျင်းပခြင်းမှာ ပထမ ဆုံးအကြိမ်ဖြစ်ပြီး လူငယ်များတွင်လည်း ပရဟိတ္တလုပ်ငန်းများကို လုပ်ကိုင်လိုသောလူငယ်များရှိနေခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။

“အခမ်းအနားမှာ performance လည်းပါမယ်၊ အမှတ်တရအနေနဲ့ ကျွန်တော်တို့ နာရေးလုပ်ငန်းတွေကို အယူသီးတဲ့လူတွေ ယဉ်ပါးလာအောင် နည်းစပ်မှုရှိလာအောင် performance ပညာနဲ့ကျွန်တော်တို့ အနိစ္စရဲ့ သဘောကို ဖော်ကျူးပြမယ်၊ နောက်လူငယ်တွေဆိုတာလည်း ပရဟိတ္တစိတ်ဓာတ်လည်း ရှိပါတယ်၊ လက်တွဲ ပြီးတော့ ကျွန်တော်တို့ ဒီပရဟိတ္တလုပ်ငန်းကို လက်တွဲပြီးအတူ ပျံသန်းဖို့ မဂ္ဂင်ယာဉ်ကြီး အမြန်စီးရအောင် ဆိုတဲ့ ဆန္ဒနဲ့အဲ့လိုလုပ်မှာ”ဟု ဦးကျော်သူက ဆက်လက်ပြောဆိုသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၁နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ တစ်ရက် နေ့ မနက် ၉နာရီတွင် စတင်ပြီး နေ့လည် ၃နာရီအချိန်ခန့်တွင် performance ပညာရှင်များ၏ ဖျော်ဖြေပွဲများ ကို ကျင်းပမည်ဖြစ်သောကြောင့် လူငယ်များနှင့် စာရေးဆရာ ၊ ဆရာမများမှလည်း ပူးပေါင်းပါဝင်ရန် မျှော်လင့် ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူထံမှ သိရှိရသည်။

သတင်းများအတွက် မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်။