06 December 2011

အပြစ်မရှိတဲ့ပြည်သူတွေကိုမတရား ဖမ်းဆီးနေတုန်းပါလား သမ္မတကြီးဦးသိန်းစိန်





ပန်းတနော်မြို့  နယ်တွင်းရှိ မိရိုးဖလာလယ်လုပ်ငန်းဖြင့်အသက်မွေးနေသူဦးသန်းထွန်းအား လွန်ခဲ့သည့် ( ၁၃.၇.၂၀၁၁)နေ့တွင် ပန်းတနော်မြို့ နယ် ရဲဝန်ထမ်းများမှမတရားအမှုဆင်ဖမ်းဆီးခဲ့ပြီး မနက်ဖြန်တွင် ပန်းတနော်မြို့ နယ်တရားရုံးတွင်မြို့ နယ် တရားသူကြီး ဦးစိန်ကြည် မှ မိန့်ချမှတ်မည်ဖြစ်သည် ။

သို့ သော်
ယခုညနေပိုင်းတွင် စွပ်စွဲခံရသူ ဦးသန်းထွန်း ၏ရှေ့ နေ ဖြစ်သူအားမြို့နယ်တရားသူကြီးမှ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ် 25 သိန်း ပေးမည်ဆိုပါကထောင်ဒါဏ် တနှစ်ခွဲသာချမှတ်မည်ဖြစ်ကြောင်း အကယ်၍ မပေးနိုင်ပါက ၂ နှစ်မှ နှစ်အထိ ချမည် ပြောဆိုခဲ့သည်ဟုသိရပါသည် ။ ထို့ သို့ ရှေ့နေမှတဆင့် အကြောင်းကြား လာသည့်အတွက် ဦးသန်းထွန်း၏ အကိုဖြစ်သူ ဦးကျော်ဆန်းနှင့် ဦးသန်းထွန်းဇနီး ဒေါ်အုန်းမြင့်တို့  မှ ရှေ့နေဖြစ်သူ ဦးကျော်အောင်နှင့် သွားရောက် တွေ့ ဆုံခဲ့ရာ (6.12.2011)မနက်ဖြန်အမိန့်ချမည့် နံနက် ( ၇ ) နာရီတွင် အမိန့်မချမှီ တရားသူကြီးဦးစိန်ကြည်နှင့် တွေ့ဆုံ ရမည် ဖြစ်ကြောင်း ကိုထပ်မံပြောဆိုခဲ့ ပါသည်။ ယခုအမှုဖြစ် စဉ်သည် မတရားအမှုဆင်ဖမ်းဆီးခံခဲ့ရသည်အတွက် ၂၀၁၁ ခုနှစ်နိုင်ဝင်ဘာလ ၂၈ ရက်တွေ တွင် ပူးတွဲပါ အမှုဖြစ်စဉ်အကျဉ်းနှင့်အသနားခံစာကို နိုင်ငံတော်သမတ္တကြီးထံ အသနားခံစာပေးပို့ ခဲ့သော်လဲ မည်သို့  မှ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဟုသိရပါသည်။ သို့ ပါသောကြောင့်အများပြည်သူများသိရှိကူညီနိုင်ရန်အတွက် သတင်းပေးပို့ လာ ပါသည်။

အသေးစိတ်သိရှိလိုပါကတရားစွဲဆိုခြင်းခံရသည် မိသားစုများ အားအောက်ပါဖုန်းနံပါတ်များဆို့ ဆက်သွယ်
မေးမြန်းပြီး
အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန်တိုက်တွန်းလိုက်ရပါသည်။ ဦးသန်းထွန်း အိမ်ဖုန်း ( 0949719453 ) မှတ်ချက်- (6.12.2011)မနက်ဖြန်တွင် တရားရုံးသို့  မိသားစုဝင်များသွားရောက် မည်ဖြစ်သောကြောင့် ညနေပိုင်းတွင်သာဆက်သွယ်နိုင်မည်ဖြစ်သည်။