29 August 2011

ကချင် သတင်းတိုများ သြဂုတ်လ၂၆ ရက်မှ ၂၈ ရက်နေ့ထိ

( ၁ ) ( ၂၇ .၈.၂၀၁၁ ) ရက်နေ့ ညနေပိုင်း (၃ )နာရီ အချိန်ခန့် တွင် မြန်မာစစ်သား အယောက် ( ၂၀၀ ) ခန့် သည် တနိုင်း မြို့ နယ် ၊ ဒွန်ဘန်ကျေးရွာ ကိုဖြတ်လျှက် တနိုင်းမြို့ ဘက်သို့ စစ်ကြောင်းထိုး ချီတက် သွားကြကြောင်း ဒေသခံ မျက်မြင်သက်သေများ မှ သတင်းပေးပို့ လားပါသည်.။

-

( ၂ ) ( ၂၇.၈.၂၀၁၁ ) ရက်နေ့ တွင် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မ (၄) မှ တပ်ဖွဲ့ ဝင်များသည် မူဆယ်မြို့ အနီးတွင် မြန်မာစစ်တပ် မှ စစ်ကားတစ်စီး အား ထပ်မံဖေါက်ခွဲ ဖျက်ဆီးလိုက်ကြောင်းသိရှိရပါသည်..။

-

(၃ ) ( ၂၆.၈.၂၀၁၁ ) ရက်နေ့ တွင် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ( ၆ )မှ တပ်ဖွဲ့ ဝင်များနှင့် မြန်မာစစ်တပ် တို့ ဖားကန့် မြို့ နယ်ဘက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ၊ သေဆုံး ဒဏ်ရာရ အသေးစိတ်သတင်းကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်..။

သတင်း.... ( JINGHPAW KASA )