25 July 2011

ဦးသန်းရွှေ ၊ဦးသိန်းစိန် တို့ ပြောခိုင်းတိုင်း အဌားပါးစပ် လုပ်ပြီးပြောနေရတဲ့သနားစရာ ဦးအောင်ကြည် ..





ဒီနေ့ နေ့လည် (၁) နာရီက အာဏာရူးတို့ရဲ့ စေတမန် အောင်ကြည်ကနေ လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့  စိမ်းလဲ့ကန်သာ ဧည့်ဂေ ဟာမှာ ခေါ်ယူတွေ့ ဆုံ ခဲ့ပါတယ်။




အောက်လမ်းနည်းတွေနဲ့  ယတြာခြေတာကို အစွန်းရောက် ရူးသွပ်နေကြတဲ့ သန်းရွှေက စပြီး ယခု သိန်းစိန်တို့ အထိ “အောင်ဆန်းစုကြည်” ရဲ့  အမည် ထိပ်ဆုံးစာလုံးနဲ့  နောက်ဆုံးစာလုံးကို အပိတ်သဘော အချုပ်သဘော ယူပြီး “အောင်ကြည်” လို့ အမည်တွင်တဲ့ သူတို့ ရဲ့  ယတြာ သဘောဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စကားလုံးအနုအလှ အလိမ် အကောက် လေးတွေနဲ့  တွေ့ ဆုံစကားပြော အချိုသပ်နည်းလမ်း ကျင့်သုံးပြီး နိုင်ငံရေးလှည့်ဖြားမှုတွေနဲ့  အချိန်ဆွဲဗျူ ဟာအတိုင်း လုပ်ဆောင်စေ ဖို့  အောင်ကြည် လို လူမျိုးကို ပျော့ပျော့လေသံနဲ့  ပြောဖို့  အထူးရွေးချယ် ထားတာပါ။

သန်းရွှေ သိန်းစိန်တို့  အောင်ကြည်ကို လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့  စကားပြောစေခဲ့တာ အကြိမ်ပေါင်းမြောက်မြား လှပါပြီ။ အပြုသဘောအကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုပြီး သတင်းစာထဲ ၀ါဒဖြန့်ဓါတ်ပုံတွေနဲ့  အရွှီးအညာတွေ ဖေါ်ပြတာလည်း များနေပါပြီ။

အောင်ကြည်အနေနဲ့  သန်းရွှေတို့  သိန်းစိန်တို့  ခိုင်းတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် ကို ခေါ်ယူ တွေ့ဆုံ စကားပြောခဲ့တဲ့ အကြိမ်တွေ ကြည့်ရင် သိနိုင်ပါတယ်။

၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်၊
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်၊
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်။

သန်းရွှေတို့  သိန်းစိန်တို့ အနေနဲ့  တကယ်သာ ဖြူစင်သန့် ရှင်း ရိုးသားမှု ရှိတယ်ဆိုရင် အောင်ကြည်ကို ကြားခံထား ပြောစရာ မလိုပါဖူး။ သန်းရွှေ သိန်းစိန်တို့ လည်း မြန်မာ စကားပြော တတ်တာဘဲ၊ ဒေါ်အောင်ဆန်းစုကြည်လည်း စကားပြောတတ်တာဘဲ။ တိုင်းပြည်နဲ့ လူမျိုးအကျိုး အတွက် လုပ်နေကြ သူတွေ ဆိုရင်လည်း လုပ်ဆောင်ချက်ခြင်း ရည်ရွယ်ချက် ပန်းတိုင်ခြင်း တူညီတယ်လို့ ခံယူရင် တိုက်ရိုက တွေ့ ဆုံးဆွေးနွေးကြလို့  ရကြရမှာပါ။



တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနဲ့  အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတွေ ပါပါတယ်။ ကျွန်တော်တို့ ဒီတွေ့ဆုံမှုတွေကိုတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့ အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင် ပါတယ်လို့  အောင်ကြည်က ပြောပြန်ပါတယ်။

အောင်ကြည်ဟာ စစ်ယူနီဖောင်းချွတ်တစ်ဦးဖြစ်ပြီး သန်းရွှေ လက်ထက်မှာ ဆက်ဆံရေး ၀န်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံရေးကိစ္စတွေမှာ ကြားခံ အသုံးချဖို့  ထားထားသူ ဖြစ်ပါတယ်။ ယခု သိန်းစိန်း လက်ထက်မှာတော့ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့  ပြန်လည် နေရာချ ထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ပါတယ်။ နေရာရာထူးတွေ ဘယ်လိုပြောင်းပြောင်း အောင်ကြည် က အောင်ကြည်ပါဘဲ။

အခုတော့ သန်းရွှေတို့  သိန်းစိန်တို့ က ကြားထဲက အောင်ကြည်ကို စကားပြန် ထားထားတာလားများ။ တွေ့ ဆုံပြောဆိုခဲ့တဲ့အကြိမ်တွေလည်း များလွန်းပါပြီ၊ ဘာမှ ထူးခြားသော စစ်မှတ်သော လုပ်ဆောင်မှုမျိုးလည်း သန်းရွှေတို့  သိန်းစိန်တို့  လုပ်ပေးတာ မရှိသေးပါဖူး။ အောင်ကြည်လည်း ကြားထဲက သန်းရွှေတို့  သိန်းစိန်တို့ ရဲ့  အသုံးတော်ခံပီပီ ခိုင်းရင်သွား အမိန့် အတိုင်း ပြောဆိုနဲ့  တွေ့ ဆုံစကားပြောမှုတွေ များလွန်းလို့  အီနေပြီး ကြောင်တောင်တောင် ဖြစ်နေ တာမို့  အောင်ကြည် အီကြောင်လို့ သာ နေပါပြီ။

သန်းရွှေတို့  သိန်းစိန်တို့ လည်း မြန်မာလူမျိုးအချင်းချင်း မြန်မာလိုတောင် စကားမပြောတတ်တော့လို့  ကြားထဲက အောင်ကြည်ကို စကားပြန်အဖြစ် ခိုင်းထားတာ အံ့သြမိပါရဲ့ ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။