28 July 2011

မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို အမေရိကန်ပြည်ထောင်စု အမတ်များကြားထဲမှာကိုဟိန်းမင်းအောင်သက်သေအဖြစ် တင်ပြ



Congressional Brefing on Burmese Child Soldier - Hein Min Aung

အမေရိကန်ပြည်ထောင်စု အမတ်များကြားထဲမှာ မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို ပိုမို သိရှိလာဘို့ အတွက် နယူးဇီလန်နိုင်ငံမှာ ရောက်ရှိအခြေချ နေထိုင်နေတဲ့ ကိုဟိန်းမင်းအောင်က သွားရောက် ကာမြန်မာနိုင်ငံ ရှိ ခလေးစစ်သား များ ကိုယ်စား သက်သေအဖြစ် တင်ပြခြင်းဖြစ်ပါတယ်။


...ဒီအစီအစဉ်ကို ၀ါရှင်တန် အခြေဆိုက် (Human Rights Action Centre)ကနေ ဦးဆောင်ပြီးတော့ အမေရိကန်နိုင်ငံ ။ (Texas)တက်ကဆက်ပြည်နယ်ရဲ့ ကွန်ဂရက်စ် အမတ်ဖြစ်တဲ့ (Eddie Bernice Johnson) အယ်ဒီဘားနစ်စ်ဂျွန်ဆင်မှ ဦးဆောင်ပြီး ဒီအစီအစဉ် ကိုဖြစ်မြောက်အောင် ပြု လုပ်ပေးခြင်းဖြစ် ပါတယ်။ ဒီအစဉ် အစဉ် ဖြစ်မြောက်ရန်အတွက် (HREIB), (US Campaign for Burma), (Burma Campaign New Zealand)တို့ မှ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ကိုဟိန်းမင်းအောင်သည် နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ ရှိနိုင်ငံတကာလေဆိပ်မှ ဇူလိုင်လ (၂၈)ရက် နံနက် (၇)နာရီ ၁၅မိနစ်တွင် ထွက်ခွာသွားပြီး၊ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ ဒူးလီးစ် (Dulles)လေဆိပ်သို့  အမေရိကန်စံတော်ချိန် (၂၈)ရက် ည (၇)နာရီ (၅၅)မိနစ် တွင် Los Angeles မှ (Virgin American Airline - Flight 110)ဖြင့် ရောက်ရှိမည်ဖြစ်ပါသည်။


http://www.eventbrite.com/even​t/1953427755