25 July 2011

လယ်သမားကြီး ဦးထွန်းအေး အားထောင်၃လမှ ထောင်ဒါဏ်(၆)လနှင့် ရဲဘက်စခန်းအလုပ်ကြမ်းသို့မတရားပြုလုပ်


ကန်ကြီးထောင့်မြို.နယ်တရားရုံးတရားသူကြီးဒေါ်ဖြူဖြူခိုင်မှလယ်သမားကြီးဦးထွန်းအေးအားပြစ်မူ.ဆိုင်ရာဥပဒေ ၄၂၇နှင့်၄၄၇အရပြစ်ဒါဏ်ချမှတ်ရာတွင်တစ်မူ.(၃)လအလုပ်နှင်ထောင်ဒါဏ်ကို တပေါင်းတည်း ကျခံစေရန်ဟု အမိန်.ချမှတ်ထားသော်လည်းထောင်အာဏာပိုင်တို့ ကထောင်(၆)လ ကျခံရမည်ဖြစ်ကြောင်းပြော ဆိုကြားသိရပါသည်။

အလုပ်နှင့်ထောင်ဒါဏ်ဟုပြစ်ဒါဏ်ချမှတ်ထား ခဲ့သော်လည်း အလုပ်ကြမ်းများခိုင်းစေရာ ရဲဘက်စခန်းသို့ပို .ဆောင်မည်ဖြစ်ကြောင်းကြားသိရပါသည်။ လယ်သမားကြီးဦးထွန်းအေး အားအလုပ်ကြမ်းခိုင်းစေမည် ဆိုပါက တနည်းအဓ္ဓမလုပ်အားခိုင်းစေရာလည်းရောက် ပါသည်။

တရားရုံးအမိန်.ထောင်ဒါဏ်(၃)လသာကျခံရမည်ဖြစ်သော်လည်းဌင်းအမိန့်ကိုဆန်.ကျင်၍ထောင်ဒါဏ်(၆)လ.နှင့် ရဲဘက် စခန်းအလုပ်ကြမ်း တို့ကိုပြစ်ဒါဏ်ခံစားရမည် ဆိုပါက တရားရုံးအမိန့်ကို ဆန့်ကျင်ကာ အာဏာပိုင် လူကြီးမင်းတို့ ကပြုလုပ်ရာ လည်းရောက်ပါသည်၊ ထို့ကြောင်း ဌင်းကိစ္စများ အားလူ့ အခွင့် အရေးစောင့် ကြည့် ကာကွယ်ရေးကွန်ယက် (HRWDN) အနေနှင့် လိုအပ် သလို လုပ်ဆောင် သွား မည်ဖြစ် ပါကြောင်း သိရှိရပါသည်.။

သတင်းပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။