13 August 2010

မြန်မာအမျိုးသမီးလေးတွေကို အခုလိုတွေ လုပ်ခွင့်ပေးနေတာ စစ်အာဏာရှင်တွေ ဘာသဘောပါလဲ? ဒီလို ဝတ်စား နေထိုင်နေပုံကို မိဘတွေလဲ ဒီလိုဘဲ ကြည့်နေကြတော့မှာလား?


ယခုလ သြဂုတ်လ (၇) ရက်နေ့  ရန်ကုန်မြို့  သုဝဏ္ဏအားကစားရုံမှာ Bo Bo Entertainment ကနေ စီစဉ်ကျင်းပခဲ့တဲ့ Acoustic Hip-Hop Show ပွဲမှာ မြင်ရတွေ့ ရတာတွေကတော့ တော်တော်ကိုအခြေအနေ ဆိုးရွားနေတာပါဘဲ.။

ထိုမိန်းကလေးများကို မွေးဖွားခဲ့သော မိဘများကလဲ ကိုယ့်သားသမီးများကို ထိန်းမနိုင်ကြတာလား? ဒါမှမဟုတ် ကြည့်ကောင်း နေကြတာလားဆိုတာတော့ စဉ်းစားစရာပါဘဲ.။ ကိုယ့်ကို မွေးဖွားပေးတဲ့ မိဘ အသိုင်းအဝိုင်းတွေကလဲ ဂုဏ်ယူနေကြတာဘဲလား။ ဒါငါ့သမီးလေဆိုပြီး မာန်တက်နေပုံတွေလား? တော်တော်ကို မြင်မကောင်းတဲ့ ကိစ္စတွေပါဘဲ.။

ကိုယ့်အမျိုးဂုဏ်ကို ကိုယ်ဘဲ စောင့်ထိန်းကြရတာပါ.၊ ခုတော့လူငယ်တွေကိုခုလိုတွေဝတ်ပြ၊ ဖော်ပြ၊ ချွတ်ပြ၊ နေတာ ကိုကြတော့၊ နအဖစစ်အာဏာရှင်ကြီးများ ဘယ်လိုအမျိုးဂုဏ် ဇာတိဂုဏ်တွေ ထိန်းသိမ်းထားကြပါသလဲ?၊ ကိုယ့်တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေ၊ ခြစားနေတာတွေ၊ လမ်းမှားနေတာတွေကို ... ဖော်ပြပေးတဲ့ အများအကျိုးပြု လမ်းညွှန်ပြပေးတဲ့၊ ကာတွန်းတွေ၊ သီချင်းတွေ၊ ကဗျာ၊ ဆောင်းပါးများ ဖြင့်၊ ရေးသား ဖော်ထုတ်ပြသ သူတွေကိုတော့ မတရားသဖြင့် ဥပဒေမျိုးစုံကို သုံးပြီး ဖမ်းဆီးမ တရားသော နှစ်ရှည်၊ လပေါင်းများစွာ ထောင်တွေချ၊ မတရားသဖြင့် စစ်ကြောရေးစခန်းတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ မျက်စိပိတ် နားပိတ်အောင် နိုင်ထက်စီးနင်း အာဏာကို အလွန်အကျွံ သုံးစွဲပြီး.. ထင်သလို စီရင်ချက်တွေ ချတတ်ကြပြီး ..ယခုလိုအမျိုးသားဂုဏ်ကို ထိခိုက်စေတဲ့သရုပ်ပျက် အဝတ်အစားတွေဝတ်ပြ၊ ဖော်ပြ၊ ချွတ်ပြ၊ လူမြင်မကောင်းအောင် ပြုလုပ်နေတဲ့ ရှိုးပွဲတွေကျတော့ ပါမစ်တွေချပေးခဲ့တယ်.။ လုပ်ပိုင်ခွင့်တွေ ပေးနေပါတယ်။

“တိုင်းပြည်တွင်းမှာ နိုင်ငံရေး မလုပ်ရင် ပြီးရော... ငါတို့ကို မတော်လှန်ရင်ပြီးရော..... ဖြစ်ချင်တာဖြစ်ဆိုပြီး လုပ်နေတဲ့ နအဖစစ်အုပ်စု” ရဲ့စေတနာကတော့ တကယ် အံ့မခန်းပါဘဲ ၊ တိုင်းပြည်မှာလဲ ရောင်းစားတာကုန်ပြီ အမျိုးကောင်း သားသမီးတွေလဲ ပျက်ဆီးကုန်ပြီ နအဖစစ်အုပ်စုရောင်းစရာ မကုန်တာကတော့ ကျမတို့ တိုင်းပြည်က သူတို့ မိန်းမတွေနဲ့ သူတို့သမီးတွေဘဲ ကျန်ပါတော့တယ်.။ ဒါတောင် ဒေါ်လာများများ ရရင် စဉ်းစားဦးမယ် ထင်ပါတယ်.။

နအဖ စစ်အုပ်စုခေါင်းဆောင်ကြီး ဦးသန်းရွှေ နဲ့အပေါင်းအပါ တွေ ခုလိုမျိုး မြန်မာအမျိုးသမီး တွေကို ကြည့်ပြီး သေခါနီးရိက္ခာ ယူနေကြတာပဲလား ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဆိုတာ ဒါကို ခေါ်တာပဲဆိုပြီး ကြံဖန် ဂုဏ်ပဲယူနေမယ် ထင်ပါတယ်.။ ဦးနေဝင်း တုန်းကလဲ သေခါနီးရိက္ခာ ယူပြီး မကြာလိုက်ပါဘူး သူလဲ သေတာပါဘဲ.။

ဤပွဲတွင် ကပြ အသုံးတော်ခံနေရသော မြန်မာ အမျိုးသမီးလေး အမျိုးဂုဏ်စောင့်ထိန်းနေပုံကဖြင့် တော်တော်အတုခိုးစရာ တွေများလား?၊ မြန်မာနိုင်ငံ စာပေစိစစ်ရေးကတော့ ဖော်ချွတ် နေသောပုံ များကို သုံးခွင့်မပြုတော့ ပြန်ဘူးတဲ့ ... ဂျာနယ်များတွင် ဘယ်လောက် ကြာကြာ ခွင့်မပြု ဘဲထားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရပါအုံးမယ်.။

စတိတ်ရှိုးပွဲများ၊ မော်ဒန်ရှိုးပွဲများ၊ ယခုလိုမျိုးတွေကို ပြုလုပ်ခွင့် ပေးခဲ့သော ပါမစ်ချပေး ခွင့်ပြု ချက်တွေ ပေးခဲ့သော လူကြီးမင်းများကို လည်း ခုလိုအသုံးတော်ခံနေသော မြန်မာမလေးများတွင် ကိုယ့်သမီး ကိုယ့်တူမ ကိုယ့်ဆွေးမျိုး သားချင်းများ ပါဝင်ခဲ့မယ်ဆိုရင် မည်သို့နေမည်နည်း?။ ဘယ်သူတေတေ ငတေမှာ ပြီးရောဆိုပြီး ၂၀၁၀ အတွက် လွတ်လပ်ခွင့်တွေ ပေးနေတာများလား.....။ နအဖကတို့ ဖျက်ဆီးတာကတော့ တစ်တိုင်းပြည်လုံးကိုသာမက ပညာရေး၊ ယဉ်ကျေးမှုပါမကျန်... အနှစ်(၂၀)ကျော်အတွင်း အလုံးစုံ ဖျက်ဆီးပြစ်နေပါပြီ...။ ဗိုလ်ချုပ်ကို မလေးစား ၊ ဗိုလ်ချုပ်ကို မေ့ပျောက်အောင် လုပ်နေပေမယ့် .. ဗိုလ်ချုပ်ပြောတဲ့ ...... နိုင်ငံကိုတော့ မရောက်ရောက်အောင်.. သွတ်သွင်းနေတာပါ...

ယခုပုံတွင် ပါဝင် ကပြ အသုံးတော်ခံနေကြသော မြန်မာ မလေးများကို မွေးဖွားပေးခဲ့သော မိခင်များအနေနဲ့လည်း ကိုယ့်သားသမီးများကို ယိုသူမရှက် မြင်သူရှက် နေရတဲ့ အဖြစ်ကနေ ပြန်လည် ထိန်းသိမ်း သင့်ကြောင်း ထင်မြင် မိပါ တယ်ရှင်။ အဝတ်အစား ဝတ်စားချင်းဟာ ကိုယ့်ရဲ့ စာရိတ္တနဲ့ ကိုယ့်ရဲ့ အကျင့်စရိုက် ကို ထင်ဟပ် ပေါ်လွင်တယ်ဆိုတာ ပြန်စဉ်းစားဘို့ ကောင်းပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်.။

မြတ်လေးငုံ