27 October 2010

ပြည်ပအဖွဲ့အစည်းတွေကိုအကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများဆိုပြီးပြောဆိုခဲ့တဲ့ နအဖက(NCGUB)အလံကို တရားဝင်ထုတ်ပြီးဘာကြောင့်ယူသုံးထားပါသလဲ



မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေရန် ရရှိထားပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နှောင့်နှေး ရပ်တန့်သွားစေရန် မလျော်ကန်သည့် အကြံဆိုးများဖြင့် အကြမ်းဖက် သောင်းကျန်းသူ အဖျက်သမားများ၏ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး ကြံစည်ကြိုးပမ်း ဆောင်ရွက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ ပူးပေါင်းကူညီမှုဖြင့် လက်ဦးမှုရယူ ဖမ်းဆီးနိုင်ခဲ့သည်။

၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၄ ရက်နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ပြည်သူလူထု၏ သတင်းပေးချက်အရ သင်္ကာမကင်းဖွယ်ဖြစ်သူ လှည်းကူးမြို့နယ်နေ အောင်မျိုးသူ ၂၉ နှစ်အား ပဲခူးဒီဂရီကော်လိပ်ရှေ့အများသုံး တယ်လီဖုန်းရုံအနီး၌ တွေ့ရှိသဖြင့် ခေါ်ယူစိ စစ်မေးမြန်းခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ ၄င်းသည် ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) ရွှေနှလုံးတော်ဘုရား ကျောင်းဝင်းအနီး၌ မြေမြှုပ်သိုဝှက်ထားသည့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို လာရောက်ယူဆောင်ခြင်း ဖြစ်ကြောင်း၊ ၄င်းကို စေခိုင်းသူမှာ မင်းမင်းထွန်းဆိုသူ ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသဖြင့် မင်းမင်းထွန်း (ခ)လပြည့် (ခ)ခင်ဇော်အား အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲတွင် ဒေသခံပြည်သူများ၏ အကူအညီဖြင့် ပဲခူးမြို့ ဇိုင်းဂနိုင်(တောင်)ရပ်ကွက်ရှိ ဟဒယလက်ဖက်ရည်ဆိုင်၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

၎င်းတို့အား ဆက်လက်စစ်ဆေး ဖော်ထုတ်ရာမှ ပဲခူးမြို့ဥဿာမြို့သစ်ရပ်ကွက် ကြီး(၈)ရွှေနှလုံးတော် ဘုရားကျောင်းအတွင်း နေထိုင်ကြပြီး ဖောက်ခွဲရေးပစ္စည်းများကို လက်ခံသိုဝှက် သိမ်းဆည်းထားသည့် ၀င်းမြင့်၊ တစ်ဖက်နိုင်ငံ၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ပဲခူးမြို့ ရပ်ကွက်ကြီး(၈) အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီရုံးကို မိုင်းထောင် ဖောက်ခွဲခဲ့သူ ထွန်းဦးနှင့် ဆက်စပ်တရားခံဖြစ်သော ကံမင်းသာ(ခ) ဆရာကံ(ခ) ဖရန်စစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အား စိစစ်ဖော်ထုတ်ချက်များအရ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ပဲခူးမြို့ ရွှေနှလုံးတော် ဘုရားကျောင်းအနီး ဘုရားသုံးဆူ သချိင်္ိုင်းအစပ်၌ ပလတ်စတစ်ပုံး အတွင်းထည့်၍ မြေမြှုပ် သိုဝှက်ထားသော TNT ယမ်းတုံး (၂၀၀)ဂရမ် ၅ တုံး၊ လျှပ်စစ်ဒီတိုနေတာ ၁၀ ချောင်း၊ ယမ်းကြိုး ၈ ပေ၊ ၉၁ လက်ပစ်ဗုံး (ဖြူးစ်ပါ) ၁ လုံး၊ အဝေးထိန်းခလုတ် ၁ ခု၊ ချိန်ကိုက်နာရီ ၁ လုံး၊ ဓာတ်ခဲထည့်အိမ် ၃ ခု၊ လမ်းလျှောက် စကားပြောစက် ၁ လုံး၊ ရှော့တိုက်မီးသီး ၁ လုံးတို့ကို ဆက်လက် သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို တစ်ဖက်နိုင်ငံမှတစ်ဆင့် ပေးပို့အပ်နှံ စေခိုင်းသူ ABSDF အကြမ်းဖက်သောင်းကျန်းသူ ဖောက်ခွဲရေးသမား အောင်ဝင်းနိုင် (ခ)စတီဗင် (ခ)ထွန်းထွန်း ဆိုသူဖြစ်သည်။ ၄င်းသည်ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို KNU သောင်းကျန်းသူ အဖွဲ့ထံမှတစ်ဆင့် ပဲခူးမြို့ဥဿာမြို့သစ် ရပ်ကွက်ကြီး(၈) ရွှေနှလုံးတော်ဘုရားကျောင်းအတွင်း နေထိုင်သော ၀င်းမြင့်ထံ ဆက်သွယ် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ၄င်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ၁၀ မိုင်ကုန်းတ၀ိုက်၌ လတ်တစ်လော ဖောက်ခွဲဖျက်ဆီးရန် သတ်မှတ်လျာထားခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ လူအများအေးချမ်းစွာ စုစည်းသွားလာတတ်သည့် စည်ကားရာ နေရာများ၌ ဖောက်ခွဲဖျက်ဆီးရန် စီမံဆောင်ရွက်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်ဟု ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ထုတ်အာဏာပိုင်တွေရဲ့သတင်းဌာန မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။