25 October 2010

ရန်ကုန်တိုင်းဒေသကြီးအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက တရားဝင်ထုတ်ပြန်ထားပေမယ့် ဗြောက်အိုးသံကြောင့် ထိတ်လန့်အိပ်ရေးပျက်ရတာပါဘဲ...

လှိုင်မြို့နယ် ၁၁ ရပ်ကွက်၊ ပြည်လမ်းနှင့် ဓမ္မာရုံလမ်းထောင့်အနီး တွင် သီတင်းကျွတ်မတိုင်ခင်တည်းကညတညကဖြစ်ရပ်တခုမှာ ည ၁ဝ နာရီ ၁ဝ မိနစ်ဝန်းကျင်ခန့်အချိန် ၌ ဗြောက်အိုးများ ဖောက် မှုကြောင့် ထိတ်လန့်မှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူ များက ပြောသည်။”

ဖောင်းဖောင်းဆိုပြီး ၂ ချက် ထွက်ပြီး နောက်ငါး ချက်ဆက်တိုက် အသံထွက်လာတော့ ဘာဖြစ်သလဲ ဆိုပြီး ထွက်ကြည့်တာပါ။ လမ်းထိပ် ရောက်မှ ဗြောက်သံဆိုလို့ အိမ်ပြန် ခဲ့တာ”ဟု ဓမ္မာရုံလမ်းပေါ်နေထိုင်သူ တစ်ဦးက ပြော သည်။ယင်းဗြောက်သံကြောင့် လမ်းမ ပေါ်နေထိုင်သူများအပြင် လမ်းသွယ် အတွင်းနေထိုင်သူများပါ လူအများ အပြား ထွက်ကြည့်ကြသည်ဟု သိရသည်။’

‘အိမ်တောင်အိပ်နေပြီ။ သေ နတ်သံထင်ပြီး ထကြည့်တာ။ ဗြောက်ဖောက်သံဖြစ်နေတယ်”ဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။ သီတင်း ကျွတ် အခါကြီး ရက် ကြီးကာလတွင် ဗြောက်အိုးဖောက် ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူခံရမည်ဖြစ် ကြောင်း၊ ဗြောက်အိုးဖောက်ခြင်း၊ ရောင်းချခြင်းများကို သတင်းပေးနိုင် ပါက ထိုက်တန်စွာ ဆုချီးမြှင့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တရားဝင် ထုတ်ပြန် ထားပေလိုသာပါဘဲရှင်..။