မေယုသင်္ဘော ရေချစဉ်က
(၁)
(၂)
(၃)
(၄)
(၁)
မည်သည့်ပညာရပ် နယ်ပယ်ဖြစ်စေ၊ သုတေသနမရှိပါက မတိုးတက်ဟု ဆိုရိုးစကား ရှိပါ သည်။ ပညာရပ်နယ်ပယ် အသီး သီးတွင် သုတေသီများက ဆိုင်ရာ ပညာရပ်အတွက် သုတေသနများ ပြုကြပါသည်။ သုတေသန တွေ့ရှိချက် ခိုင်မာပါက၊ ပညာရှင် များက လက်ခံပါက ယခင်က သိခဲ့မှတ်ခဲ့သည်များနှင့် ပြောင်း ပြန်ဖြစ်ကုန်သော ရလဒ်များ လည်း ရှိပါသည်။ ဥပမာ- ရာဇကုမာရ်သည် ကျန်စစ်သားမင်းကြီး၏ သား မဟုတ်၊ ကျန်စစ်သားမင်းကြီး ကြည့်ရှုစောင့်ရှောက်ခဲ့သော အမတ်သာဖြစ်သည်ဟု ဘာသာစကားရှုထောင့်၊ သမိုင်း ရှု ထောင့်အရ အခိုင်အမာ သုတေသနတွေ့ရှိချက်များ၊ ၁၉၇ဝ မှ ၂ဝဝ၃ ကြားပေါ်ထွက်ခဲ့ပါသည်။ အများစုက လက်မခံနိုင်ကြပါ။ သမိုင်း ခေါက်ရိုးကျိုးကာ သား ဟုသာ စိတ်ခံစားချက်အရ လက်ခံနေကြဆဲ ဖြစ်ပါသည်။
(၂)
၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း ၏ စာတည်းမှာ မောင်ညိုမြ။ အယ်ဒီတာအဖွဲ့ကား မောင်ညို မြ၊ မန်နေဂျာ မောင်ညိုထွန်းနှင့် အတွင်းရေးမှူး မောင်ဆုမြိုင်တို့ ဖြစ်ကြပါသည်။
(၃)
တက္ကသိုလ်များ သမိုင်း သု တေသနဌာနသည် ၁၉၅၅ ခုနှစ် က စတင်တည်ထောင်ခဲ့သည့် သမိုင်းကော်မရှင်အဖွဲ့ မှ မြစ်ဖျားခံ ပေါက်ဖွားခဲ့သည့် သမိုင်းသုတေသန အဖွဲ့ဖြစ်ပါသည်။ ဦးမြဟန် သည် ထိုဌာနမှ သုတေသနမှူး တစ်ဦး ဖြစ်ပါသည်။ တက္ကသိုလ်များ သမိုင်း သုတေသနဌာနရှိ သမိုင်း သုတေသီများသည် မြန်မာ့သမိုင်းကို ခေတ်အလိုက် ပိုင်းခြား တာဝန် ယူ သုတေသနပြုခြင်း၊ မြန်မာ နိုင်ငံ၏ အရေးကြီးသော လူ ပုဂ္ဂိုလ်၊ သမိုင်း ဖြစ်ရပ် များအား သုတေသနပြုခြင်းလုပ်ငန်းများ ကိုဆောင် ရွက်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် အထက် ပါ ဌာနက နှစ် ၅ဝ ပြည့် မြန်မာ လွတ်လပ်ရေး ရွှေရတု အထိမ်းအမှတ် အဖြစ် ‘ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ’ အမည်ဖြင့် ဗိုလ်ချုပ် အောင်ဆန်း ရေးသားခဲ့သော စာ များအကြောင်း၊ သုတေသန ပြု၍ ထုတ်ဝေခဲ့ပါသည်။ သုတေသီကား ဆရာဦးမြဟန်ဖြစ်ပါသည်။ ထိုစာအုပ်တွင် ဗိုလ်ချုပ်ရေး သားခဲ့သော စာများကိုသာမက ဗိုလ်ချုပ်နှင့် ပတ်သက်၍ လူသိနည်း သော ဖြစ်ရပ်တချို့ကိုပါ ပြန်လည် ဖော်ပြခဲ့ပါသည်။ ဥပမာ-၁ သြဂုတ် ၁၉၄၃ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာတွင် ဖော်ပြခဲ့သော ‘ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ’ ဆောင်းပါး ဖြစ်ပါသည်။ စာအုပ်တွင် ဖော်ပြခဲ့သော ဗိုလ်ချုပ်၏ လက်ရာ များမှာ -
၁။ Burma and Buddhism
၂။ Freedom of Dress in Schools
၃။ မင်းကြီးဦးမင်းရောင်
၎။ လောကဝိဟာ
၅။ ကျောင်းသားဝတ္တရား
၆။ နိုင်ငံရေးအမျိုးမျိုး
၇။ ကမ္ဘာစစ်နှင့် ဗမာ
၈။ ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ
၉။ ကိုယ်ရေးအတ္ထုပ္ပတ္တိ
၁ဝ။ ဗိုလ်ချုပ်နှင့် စာပေ
၁၁။ Life Sketch of the Author, Burma’s Challenge
တို့ ဖြစ်ကြပါသည်။
ဗိုလ်ချုပ်အမှာစာ ရေးပေးခဲ့ သည့် စာအုပ်များမှာ -
၁။ သေနင်္ဂဗျူဟာစစ်သမိုင်း
၂။ တိုင်း-၆ စာစောင်
၃။ မြန်မာ့သူရဲကောင်း ဗိုလ်မှူးကြီးဗထူး
၎။ ဇဝနဂျာနယ်
၅။ ဒီးဒုတ်ဂျာနယ်
တို့ ဖြစ်ကြပါသည်။
ထိုစာအုပ်ကို တက္ကသိုလ်များ သမိုင်းသုတေသနဌာန မှ အချိန်ပိုင်း သုတေသီ ဦးသက်ထွန်း (အငြိမ်း စားသံအမတ်ကြီး) က အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ကို သီးခြားထုတ်ဝေခဲ့ပါသည်။ ဖေဖော်ဝါရီ ၂ဝ၁ဝ တွင် ဆရာဦးမြဟန်၏ မြန်မာဘာသာ ဖြင့် ရေးသားချက်နှင့် ဆရာကြီး ဦးသက်ထွန်း အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုထားသည်များ ပူးတွဲ လျက် အင်္ဂလိပ် -မြန်မာ နှစ် ဘာသာ (Bilingual)ဖြင့် ဒုတိယ အကြိမ် ထပ်မံ ပုံနှိပ်ခဲ့ပါသည်။ ပထမအကြိမ် ပုံနှိပ်ခြင်းကို တက္ကသိုလ် များ သမိုင်းသုတေသန ဌာန အတွက် အင်းဝစာအုပ်တိုက် က ပုံနှိပ်ပေးခဲ့ပါသည်။ အားမာန်သစ် စာပေက ဒုတိယ အကြိမ် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။

Aung San of Burma စာအုပ်ကို ဒေါက်တာမောင် မောင်က စုစည်းပြီး ယေးလ် တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာနက အင်္ဂလိပ် ဘာသာဖြင့် ၁၉၆၂ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထို စာအုပ်တွင် အခန်း (၅) ခန်း ပါဝင်ပါသည်။ အခန်း (၁) အောင်ဆန်း၏ ပုံရိပ်လွှာ၊ အခန်း (၂) စစ်နှင့် ခုခံ ကာကွယ်ရေး၊ အခန်း(၃) မြန်မာ့လွတ်လပ်ရေး ကြိုးပမ်း အောင်မြင်မှုများ၊ အခန်း (၄) အောင်ဆန်း၏ ဥာဏ်ပညာ အမြော်အမြင်၊ အခန်း (၅) အောင်ဆန်းအကြောင်း ချီးကျူး ရေးသားချက်များဖြစ်ပါသည်။ အခန်း (၁)၊ (၂)၊ (၃) နှင့် (၅) ပါ ရေးသားချက်များသည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ထိုစဉ်က မြန်မာနိုင်ငံရှိ ထင်ရှား ကျော်ဇောနေသူများ၊ ထိပ်သီး များက ဝိုင်းဝန်းရေးသားကြခြင်း ဖြစ်ပါသည်။ အခန်း (၄) ပါစာ များမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းနှင့် ရေးသားချက်များမှ ကောက်နုတ်ဖော်ပြချက်များ ဖြစ် ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားကြသူများမှာ ပြည်တွင်း ပြည်ပနှစ်ဌာနမှ မြန်မာများနှင့် နိုင်ငံခြားသားများဖြစ်ကြပါသည်။ ခြွင်းချက်အနေဖြင့် အခန်း (၁) ခေါင်းစဉ်လာ Self-Portrait သည် ဗိုလ်ချုပ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သုတေသနပြုလိုသူများအတွက် အထောက်အကူပြုနိုင်ရန် ရည် ရွယ်ရေးသားပါသည်။

ရေးသားသူ.....ခင်နှင်းဦး