25 October 2010

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကျွန်ချောင်းနှင့် မြစ်ခြေကြားရှိ ပေါက်တောကျေးရွာ အနီးတွင် ရေနံပိုက်လိုင်းပေါက်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွား

မနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် စတင် မီးလောင်ကျွမ်းနေခြင်း ဖြစ်ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရတယ်။ ''ရေနံပိုက်လိုင်း ပေါက်ရာကနေ မီးလောင်တာလို့ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ၁၄ ယောက် သေဆုံးပြီး ၅၈ ယောက် ဒဏ်ရာရရှိထားကြောင်း အေ အက်ဖ်ပီ သတင်းဌာနက ဖော်ပြထားသည်။